Monday, November 3, 2008

ရင်မှ..... သစ္စာတရားကိုသာ

နေ့နဲ့ည ဖြစ်ပေါ်မှုကြား
အလွမ်းထုထည်တွေ များသထက်များ
ဝေးများဝေးရင် ဆိုတာလေးကို
အတွေးနဲ့တောင် ရင်မဆိုင်လိုဘူး .....

ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေရဲ့ကြား
အိပ်မက်နဲ့ လက်တွေ့ဘ၀တွေကွာခြား
ေ၀၀ါးဆဲ မျှော်လင့်ချက်ကလေးကို
နည်းနည်းမှ အထိခိုက်မခံလိုဘူး ....

နီးစပ်မှုနဲ့ ဝေးကွာမှုရဲ့ကြား
နယ်နိမိတ်စည်းကလေးက ခပ်ပါးပါး
သံသယတွေကြောင့် ခြားနားသွားမှာကို
ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး .......

by ...DecemberCinderella
( နိုဝင်ဘာ ၂ ရက်နေ့က Funan က ပန်းချီပြပွဲမှာ ရိုက်ယူခဲ့တဲ့ ဓါတ်ပုံလေးနဲ့ မြတ်နိုးရပါသော ချစ်သူလေးသို့ အမှတ်တရ ..)

8 comments:

Anonymous said...

အမ ကဗျာကကောင်းလိုက်တာဗျာ
၃ ပိုဒ်စလုံးကိုကြိုက်တယ် ဘယ်ဟာကိုအကြိုက်ဆုံးလဲပြောရမှာ ခက်နေတယ်
ကောင်းတယ်အမရေ
ခင်မင်လျက်
သီဟညိမ်း

Anonymous said...

ပုံကိုငေးရင်း မျက်စိတောင်ဝါးလာတယ်
တကယ်။

"ဝေးများဝေးရင် ဆိုတာလေးကို
အတွေးနဲ့တောင် ရင်မဆိုင်လိုဘူး ....."

စကားလုံးလေးတွေ မှတ်သွားတယ်ခင်ဗျ
အသုံးချဖို့ ဟုတ်ပါဘူးနော်
ကြိုက်လို့ပါ။

Anonymous said...

နီးစပ်မှုနဲ့ ဝေးကွာမှုရဲ့ကြား
နယ်နိမိတ်စည်းကလေးက ခပ်ပါးပါး
သံသယတွေကြောင့် ခြားနားသွားမှာကို
ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး .......

အမှန်ပဲပေါ့ဗျာ.. ကောင်းပါ၏။

Anonymous said...

နေ့နဲ့ည ဖြစ်ပေါ်မှုကြား
အလွမ်းထုထည်တွေ များသထက်များ

ကာရံအချိတ်အဆက်များ ကောင်းချက်ဗျာ။ ကဗျာလမ်းစ စဖော်လိုက်ပုံလေးက သေသပ်လှပါပေတယ်။

ခင်မင်အားပေးတဲ့..
တက်လူငယ်...

Anonymous said...

ရိုး သိပ်ကောင်းတဲ့ အချစ်ကဗျာလေးပါကလားကွယ်ရို့
သိပ်ကောင်းတဲ့ ခံစားမှုရေးဖွဲ့မှုတွေထဲမှာ၊

“ဝေးများဝေးရင် ဆိုတာလေးကို
အတွေးနဲ့တောင် ရင်မဆိုင်လိုဘူး .....”

အဲနေရာလေးနဲ့ ...

“နယ်နိမိတ်စည်းကလေးက ခပ်ပါးပါး
သံသယတွေကြောင့် ခြားနားသွားမှာကို
ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး .......”

ဒီနေရာလေးတွေ သိပ်လှပါတယ်၊ ပုံကလေးနဲ့လည်း လိုက်ဖက်တယ်။ သဘောကျမိတဲ့ကဗျာလေးပါပဲ။

ခင်မင်လေးစားစွာနဲ့

Anonymous said...

ကောင်မလေးရေ..
အချစ်ကိုလေ...
ဝေးများဝေးနေရင်...
ရင်မဆိုင်ချင်ဘူးတဲ့လား.....။
ကောင်မလေးရေ...
အချစ်ကိုလေ....
လက်တွေ့ဘ၀နဲ့ကွာခြား
မျှော်လင့်ချက်လေးတွေအား...
အထိခိုက်မခံနိုင်ဘူးတဲ့လား....။
ကောင်မလေးရေ....
အချစ်ကိုလေ...
သံသယတွေနဲ့ စည်းကလေးခြား
တကယ် မနေတတ်တော့ဘူးတဲ့လား....။
ရင်ခုန်သံ စည်းချက်များ
နှလုံးသားတေးသွားများ...
မင်း တကယ် ခံစားဖူးပြီလား...
ဒါဆို....
မင်း....အချစ်ရူး..ရူးနိုင်တယ်...
သိလား....။

Anonymous said...

ကဗျာလေးတွေ လာဖတ်တယ်--
ပုံလေးကလည်း လှတယ်--
ကဗျာတွေဆက်ရေးပါ --
အားပေးနေပါတယ်--
ကဗျာဖွဲ့တာ လှတယ်--
ရွှင်လန်းချမ်းမြေ့ပါစေ---

Anonymous said...

ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေရဲ့ကြား
အိပ်မက်နဲ့ လက်တွေ့ဘ၀တွေကွာခြား
ေ၀၀ါးဆဲ မျှော်လင့်ချက်ကလေးကို
နည်းနည်းမှ အထိခိုက်မခံလိုဘူး ....
ကောင်းတယ်ဟာ... ကူးသွားပြီ။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */