Sunday, November 2, 2008

Blogger တို့ရွာ

လာစမ်းဟဲ့ သောကအမောတွေ
ဘ၀မှာ
ဘာတွေများ ထပ်ကြုံရဦးမှာမို့လို့လဲ
ဒီမှာ
Blogger သူငယ်ချင်းတွေရှိတယ် ...
အော်ချင်ရာအော်ဖို့အတွက်
c.boX ဆိုတာကြီးရှိတယ် ...
အမြင်တွေဖလှယ်ဖို့အတွက်
Comment တွေ ထားခွင့်ရှိတယ် ...

ငါတို့ ကမ္ဘာမှာ
ခြေရာတွေ အခါခါထပ်လို့
မတူညီတာတွေ ဝေဖန်နေကြပေမဲ့
သဘောထားကွဲလွဲမှုနဲ့ ရန်ပွဲတွေမဖြစ်ဘူး
ငိုချင်းတွေအတွက် တွဲလက်တွေ မဖြုတ်ဘူး
ကဲ ..ဘာလိုသေးလဲ ..
လောကဓံရဲ့ ရိုက်နှက်မှုဒဏ်တွေက
အစမ်းသပ်ခံနိုင်တဲ့ ငါတို့ ခင်မင်မှုတွေအတွက်
နောက်ထပ် စိန်မခေါ်ဝံ့ရှာဘူး ..

by,,, DecemberCinderella

8 comments:

Anonymous said...

မိုက်တယ်အမရေ
လောကဓံကိုစိန်ခေါ်ထားတဲ့ကဗျာလေး
မတူညီတာတွေ ဝေဖန်နေကြပေမဲ့
သဘောထားကွဲလွဲမှုနဲ့ ရန်ပွဲတွေမဖြစ်ဘူး
ငိုချင်းတွေအတွက် တွဲလက်တွေ မဖြုတ်ဘူး
အဲဒါလေးမိုက်တယ်ဗျာ
ကောင်းလိုက်တဲ့ စိန်ခေါ်ကဗျာလေး

Anonymous said...

အော်...
ဘလော့သွေးဘလော့မာန်နှိုးဆော်စာပါလား။

Anonymous said...

Blogger တို့ရွာ
အိမ်အလည်လာပါ၏
ကဗျာနွေးနွေး
“စာ” ကလေးတွေလည်း ဖတ်ရမည်။

Blogger တို့ရွာ
အလွန်သာယာ၏
အပြေးအသွား
CBox သွားကြမည်။

Blogger တို့ရွာ
ပျူငှာချိုသာ၏
ပျော်ပျော်ပါးပါး
Comments များ ထားကြမည်။

Blogger တို့ရွာ
စည်းလုံးညီညာ၏
ဖေးဖေးမမ
အတူတကွ
ဝေမျှကာ ခရီးဆက်ကြတော့မည်။ ။

(စည်ပင်ဝပြောတဲ့ Blogger ရွာ လေးသို့ အလည်တစ်ခေါက်မှတ်တမ်း)

ခင်မင်စွာဖြင့်

Anonymous said...

ငါတို့ ကမ္ဘာမှာ
ခြေရာတွေ အခါခါထပ်လို့
မတူညီတာတွေ ဝေဖန်နေကြပေမဲ့
သဘောထားကွဲလွဲမှုနဲ့ ရန်ပွဲတွေမဖြစ်ဘူး
ငိုချင်းတွေအတွက် တွဲလက်တွေ မဖြုတ်ဘူး
ကဲ ..ဘာလိုသေးလဲ ..
လောကဓံရဲ့ ရိုက်နှက်မှုဒဏ်တွေက
အစမ်းသပ်ခံနိုင်တဲ့ ငါတို့ ခင်မင်မှုတွေအတွက်
နောက်ထပ် စိန်မခေါ်ဝံ့ရှာဘူး ..


အရမ်းကို အဓိပ္ပာယ်ပြည့်ဝတဲ့ ကဗျာလေးပဲ
အရမ်းကြိုက်တယ်
ဟုတ်တယ်
အဲ့လိုပဲ ဖြစ်နေရမှာ ဖိုက်တီးးးးးးးးးးးး :P

Anonymous said...

ဒီကဗျာလေးတော့ ခိုက်သဗျို.။

Anonymous said...

"ငါတို့ ကမ္ဘာမှာ
ခြေရာတွေ အခါခါထပ်လို့
မတူညီတာတွေ ဝေဖန်နေကြပေမဲ့
သဘောထားကွဲလွဲမှုနဲ့ ရန်ပွဲတွေမဖြစ်ဘူး
ငိုချင်းတွေအတွက် တွဲလက်တွေ မဖြုတ်ဘူး
ကဲ ..ဘာလိုသေးလဲ ..
လောကဓံရဲ့ ရိုက်နှက်မှုဒဏ်တွေက
အစမ်းသပ်ခံနိုင်တဲ့ ငါတို့ ခင်မင်မှုတွေအတွက်
နောက်ထပ် စိန်မခေါ်ဝံ့ရှာဘူး .."

ကျနော်ကတော့ ဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲ
လာမည် လာမည်..မုန့်ကျွေးပါ။

Anonymous said...

ဒါမျိုးကဗျာတွေ ရေးသင့်ပါတယ်ဗျ။ အားလုံးရဲ့ရင်ထဲမှ တိတ်တဆိတ် ကိန်းအောင်းနေတတ်တဲ့ ရင်တွင်းခံစားချက်တွေပါ။ အခုဖွင့်ပြလိုက်တဲ့သူပေါ်လာတယ်။ အားလုံးပျော်ရွှင်သွားကြတယ်။ ရေးရကျိုးနပ်ပါပြီနော်.။

ခင်မင်အားပေးတဲ့
တက်လူငယ်...

Anonymous said...

ငါတို့ ကမ္ဘာမှာ
ခြေရာတွေ အခါခါထပ်လို့
မတူညီတာတွေ ဝေဖန်နေကြပေမဲ့
သဘောထားကွဲလွဲမှုနဲ့ ရန်ပွဲတွေမဖြစ်ဘူး
ငိုချင်းတွေအတွက် တွဲလက်တွေ မဖြုတ်ဘူး
ကဲ ..ဘာလိုသေးလဲ ..
မိုက်တယ်ဟ.... ကြိုက်တယ်။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */