Sunday, November 30, 2008

အဆုံးအဖြတ် မစောစေချင် ( Don't judge too quickly!! )

လူတစ်ယောက်က သူ့သားလေးယောက်ကို သုံးသပ်ချက်နဲ့ပတ်သက်ပြီး သင်ခန်းစာပေးချင်တာနဲ့ ခပ်ဝေးဝေးမှာရှိတဲ့ သစ်တော်သီးပင် တစ်ပင်ကို အချိန်ခွဲလွှတ်ပြီး လေ့လာခိုင်းလိုက်တယ်။ ပထမသားက ဆောင်းရာသီ၊ ဒုတိယက နွေဦး၊ တတိယက နွေရာသီနဲ့ စတုတ္ထသားက ဆောင်းဦးရာသီ ..စသဖြင့် အသီးသီးသွားလေ့လာပြီး ပြန်လာကြတဲ့အခါ ..

ပထမသားက ပြောတယ်.. သူမြင်ခဲ့ရတဲ့ သစ်တော်ပင်က အကိုင်းအခက်တွေကလဲ ကိုင်းညွှတ်ကျနေပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ အပင်ဟာ တော်တော့်ကို ရုပ်ဆိုးတာပဲ တဲ့။

ဒုတိယက ..ဘယ်ကလာ ဟုတ်ရမှာလဲ။ အပင်က အစိမ်းရောင်အဖူးကလေးဝေစီပြီး တကယ့်ကို ဖူးပွင့်တော့မဲ့ ပုံစံနဲ့ပါ ..တဲ့။

တတိယက …လုံးဝကို မဟုတ်ဘူး။ အပင်တစ်ပင်လုံးဟာ အရမ်းကို လှပတဲ့အပွင့်တွေနဲ့ အနံ့တွေကလဲ တကယ်ကိုချိုမြိန်တဲ့ရနံ့တွေ လှိုင်နေတယ်။ ငါမြင်ခဲ့ဖူးသမျှထဲမှာ အလှပဆုံးမြင်ကွင်းတစ်ခုပဲ …တဲ့ ။

စတုတ္ထတစ်ယောက်က ..နင်တို့အားလုံးပြောတာ ငါသဘောမတူဘူးဟေ့။ ၀င်းမှည့်နေတဲ့ သစ်သီးတွေနဲ့ ပြည့်နေတဲ့ အပင်တစ်ပင်လုံးဟာ သစ်တော်ပင်ကြီးကို ပိုတောင်အသက်ဝင်သွားသလိုပဲ ….လို့ ပြောလိုက်တယ်။

နောက်ဆုံးမှာ ဖခင်က သူ့သားလေးယောက်ကို ....

“ သားတို့၊ သစ်ပင်တစ်ပင်ကို ရာသီဥတု တစ်ခုတည်းနဲ့ ကြည့်ပြီး သူ့ရဲ့သဘာဝကို ဆုံးဖြတ်ချက်ချလို့ မရသလို လူတစ်ယောက်ကိုလဲ အခြေအနေတစ်ခုတည်းကို အခြေခံပြီး သုံးသပ်လိုက်လို့မရဘူး။ သူရရှိနေတဲ့ဘ၀နဲ့ စိတ်ချမ်းသာပျော်ရွှင်မှုဆိုတာတွေကို (ဥတုလေးပါးစုံမှ ပြည့်စုံစွာ ကောက်ချက်ချလို့ရနိုင်တဲ့ သစ်တော်ပင်တစ်ပင်လိုပဲ) အခြေအနေ အချိန်အခါတစ်ခု ပြည့်စုံလွန်မြောက်သွားပြီဆိုမှသာ သုံးသပ်ဆုံးဖြတ်လို့ရမယ်ဆိုတာ သားတို့နားလည်ထားရမယ်” လို့ ပြောလိုက်တယ်။

You cannot judge a tree, or a person by only one season, and that the essence of who they are and the pleasure, joy, and love that comes from that life can only be measured at the end, when all the seasons are up.

by ...DecemberCinderella

2 comments:

Anonymous said...

မှန်ပါ့ဗျာ...
မှတ်သားစရာစကားလေးတွေပါ...
စိတ်ခွန်အားလေးတွေတိုက်ကြွေးပေးတဲ့အတွက်ကျေးဇူးအထူးပါ...

ခင်မင်လျက်...
နွေသူရ

Anonymous said...

သိပ်ဟုတ်တာပေါ့ သူငယ်ချင်းရယ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုကိုပဲ ဖြစ်ဖြစ် ဘယ်အရာကိုမဆို ထောင့်တစ်ခု၊ မြင်ကွင်းတစ်ခု၊ ကာလတစ်ခုကိုပဲ ကွက်ကြည့်ပြီး ဆုံးဖြတ်ချက်၊ သုံးသပ်ချက်မရဘူးဆိုတာ သိပ်မှန်တဲ့ ဒဿနတစ်ခုပေါ့ ... သိပ်တန်ဖိုးရှိလှတဲ့ ပိုစ့်ကောင်း တစ်ခုပါပဲ ... အဲလိုပိုစ့်လေးတွေအတွက် အထူးကျေးဇူးပါဗျာ ...ပျော်ရွှင်ပါစေသူငယ်ချင်း ...

ခင်မင်လေးစားမှုများစွာဖြင့်

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */