Monday, November 17, 2008

Each country gets the President it deserves.

လေယာဉ်တစ်စီး ပျက်ကျခါနီးအချိန်ပေါ့ ..လေထီးက ၄ခု၊ Passengers က ၅ ယောက်။

ပထမ Passenger က “ငါက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား Ronaldo ၊ ဘောလုံးဝါသနာရှင်တွေအတွက် ငါသေလို့မဖြစ်သေးဘူး” လို့ ပြောပြီး လေထီးတစ်ခုယူပြီး ခုန်ချသွားတယ် …

ဒုတိယတစ်ယောက်က “ ငါဟာ အရင် USA Former President ရဲ့ဇနီး၊ New York ရဲ့ Senator ၊ အနာဂတ် United States ရဲ့ President ဖြစ်ဖို့ အလားအလာရှိတဲ့သူ။ ငါသေလို့ မဖြစ်သေးဘူး “ ဆိုပြီး နောက်လေထီးတစ်ခုယူ ခုန်ချသွားတယ် …

တတိယတစ်ယောက် “ငါက United States ရဲ့ President George W. Bush ဖြစ်တယ်။ ကမ္ဘာကြီးအတွက် အကြီးမားဆုံးတာဝန်တွေ ထမ်းဆောင်နေရတဲ့ အတော်ဆုံး President လဲ ဖြစ်တယ်၊ ငါတာဝန်ယူနေရတဲ့ လူတွေအတွက် ငါသေလို့မဖြစ်သေးဘူး” ဆိုပြီး လေထီးနဲ့ ခုန်ချသွားပြန်တယ်။

အဲ့ဒီအချိန်မှာ ကျန်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးက သူနဲ့အတူကျန်နေတဲ့ ကျောင်းသားလေးကို “ငါဟာ ဘ၀မှာ ပုပ်ရဟန်းမင်းကြီးဘ၀နဲ့ ကောင်းတာတွေကို ကြိုးစားလုပ်ဆောင်ပြီး နေသင့်သလောက်နေခဲ့ပြီးပြီ။ အဲ့ဒီတော့ ငါသေမယ်ဆိုလဲ သေပျော်ပြီ။ ကလေး ..မင်းပဲ ဒီလေထီးကို ယူပြီး ခုန်ချသွားလိုက်တော့” လို့ပြောတော့ ကျောင်းသားလေးက “ စိတ်မပူပါနဲ့၊ ဒီမှာ ငါတို့နှစ်ယောက်အတွက် လေထီး တစ်ခုစီရှိနေပါတယ်.. အတော်ဆုံး President ဆိုတဲ့ လူကြီးက ငါ့ကျောပိုးအိတ်ကို လေထီးနဲ့မှားယူပြီး ခုန်ဆင်းသွားပြီ” တဲ့ …

The morale of this story: Each country gets the President it deserves.

by ..DecemberCinderella

4 comments:

Anonymous said...

ဟားဟားဟား!.... အတော်ဆုံး ဆိုတဲ့ President George W. Bush ကြီး ခံလိုက်ရတယ်ပေါ့... :D :))

Anonymous said...

စေတနာသာလျင်ကံဖြစ်ပေ၏။
အဲလိုလား။
ကြိုက်တယ်။

Anonymous said...

မြန်မာပြည်က ကျောင်းသားပဲဖြစ်ရမယ် ... ဟုတ်တယ်ဟုတ် ?

Anonymous said...

ခေါင်းထဲမှာ အလေးအနက်ထား မှတ်သားစရာတွေနဲ့ တွေးတော ဆင်ခြင်စရာတွေ ကျန်နေခဲ့ပါတယ်။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */