ပန်းခြံတစ်ခုရဲ့ ခုံတန်းရှည်လေးမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က သူတို့ ကလေးတွေ ကစားနေတာကို ထိုင်ကြည့်နေကြတယ်။ ခဏနေတော့ အမျိုးသမီးက “ဟိုမှာလေ ..အနီရောင်ဆွယ်တာလေးကို ၀တ်ထားတာ ငါ့သားပေါ့” လို့ ပြောလိုက်တယ်။ အမျိုးသားကလဲ သူ့သားကတော့ အပြာရောင်နဲ့ကောင်လေးပါလို့ ပြန်ဖြေရင်းနဲ့ နာရီကို ကြည့်ပြီး သူ့သားကို လှမ်းခေါ်လိုက်တယ်။
“Todd, ဖေဖေတို့ ပြန်သင့်ပြီ သားလေး” လို့ပြောတော့ ကောင်လေးက “ငါးမိနစ်၊ နော် ..ဖေဖေနော်” လို့ ပြောတော့ အဲ့ဒီလူက သူ့သားကို ခေါင်းညိမ့်ပြလိုက်တယ်။
အချိန်အနည်းငယ်ကြာသွားတော့ သူ့သားကို ထပ်ခေါ်တယ် “သားရေ ..ပြန်ကြရအောင်နော်” လို့ပြောတော့ ကလေးက “ နောက်ထပ် ငါးမိနစ် ..နော် ဖေဖေနော်” လို့ ထပ်တောင်းဆိုတယ်။
သူကရယ်ပြီး “Okay” လို့ပြောတာကို အမျိုးသမီးက အံ့အားသင့်စွာနဲ့ “ရှင် သိပ်စိတ်ရှည်တာပဲနော်” လို့ လှမ်းပြောတယ်။ အဲ့တော့ အမျိုးသားကပြန်ပြောတယ်။
“မနှစ်တုံးက ဒီနေရာမှာ ငါ့ သားကြီး Tommy စက်ဘီးစီးနေတုံး အရက်မူးပြီး ကားမောင်းလာတဲ့ သူတစ်ယောက်ကြောင့် အသက်ဆုံးရှုံး သွားတယ်။ ငါ ဘယ်တုံးကမှ သူ့အတွက် အချိန်မပေးခဲ့ဖူးဘူး။ အခု Todd ကို ငါ အဲ့လိုနည်းနဲ့ ထပ်အဆုံးရှုံးမခံနိုင်ဘူး။
"သူက ထင်လိမ့်မယ်။ သူ ကစားဖို့ ငါးမိနစ်အချိန်ပိုရတယ်လို့။ အမှန်က ငါ့အတွက် သူ့ကို ငါးမိနစ်ပိုစောင့်ရှောက်ခွင့်၊ ငါးမိနစ်ပိုမြင်နေခွင့် ရတာပါ” တဲ့ ..
by ..DecemberCinderella
Wednesday, November 26, 2008
Five more minutes, Daddy !!!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment