ပထမ ကမ္ဘာစစ်အတွင်း ကပေါ့ ..တိုက်ပွဲဝင် နေရင်းနဲ့ သူ့ရှေ့မှာ သူငယ်ချင်းက ကျည်ဆံထိပြီး လဲကျသွားတယ်။ စခန်းချထားတဲ့ နေရာထိ သူ့သူငယ်ချင်းကို ထမ်းပြီး ပြန်လို့ရ၊ မရ Jim က သူ့ရဲ့ ဗိုလ်မှုးကိုမေးတော့ ..
"ရပါတယ်။ ဒါပေမဲ့ ဘာမှ အကျိုးရှိမှာမဟုတ်ဘူး။ သူသေဆုံးရတော့မယ်ဆိုတာ သူ့ကိုယ်သူလဲ သိတယ်၊ မင်းလဲသိတယ်။ ပြောရရင် မင်းအသက် အန္တရာယ်တောင် ထိခိုက်နိုင်သေးတယ်" လို့ ဗိုလ်မှုးက ပြန်ဖြေတယ်။
သူက ဗိုလ်မှုးရဲ့ ခွင့်ပြုချက်လဲရတာနဲ့ ဘာကိုမှမကြောက်ပဲ သူ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ကို စခန်းထိရောက်အောင် စွန့်စွန့်စားစား ပြန်ထမ်း လာခဲ့တယ်။ စခန်းရောက်တဲ့ အချိန်မှာ သူ့သူငယ်ချင်းလဲ အသက်မရှိတော့ပါဘူး။ အဲ့တော့ ဗိုလ်မှုးက ....
"ငါ မပြောဘူးလား မင်းကို၊ မင်းအတွက် ဘာမှ အကျိုးမရှိဘူးလို့" သူ့ကိုပြောတော့ သူက 'အကျိုးရှိပါတယ်' တဲ့။
"ဘာ အကျိုးရှိတာလဲ၊ မင်းသူငယ်ချင်းလဲ သေနေပြီပဲ" လို့ ဗိုလ်မှုးကပြောတော့ ....
" ငါ သူ့ကို ထမ်းလာခဲ့တဲ့ အချိန်တုံးက သူအသက်ရှင်နေတုံးပဲလေ။ အဲ့ဒီတုံးက သူကပြောတယ်၊ ' Jim မင်း ငါ့ကို တစ်ယောက်တည်း မထားခဲ့ဘူးဆိုတာ ငါသိတယ်' လို့ သူကပြောသွားတယ်။ အဲ့ဒီ စကားလေးနဲ့တင် ငါ့လုပ်ရပ်ကို ငါကျေနပ်တယ်" လို့ Jim က ပြန်ဖြေတယ်။
Many times in life, whether a thing is worth doing or not, really depends on how u look at it.
ဘ၀မှာ အလုပ်တစ်ခုကို လုပ်လိုက်ရတာ အကျိုးရှိရဲ့လား၊ မရှိဘူးလားဆိုတာ သင် ဘယ်လို ခံယူသလဲဆိုတဲ့ အချက်နဲ့ပဲ ဆိုင်ပါတယ်။
Take up all your courage and do something your heart tells you to do so that you may not regret not doing it later in your life.
သင့်ဘ၀မှာ နောင်လဲ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးဆိုတာ သေချာရင် ..ဘယ်အရာမဆို သင်လုပ်ချင်တာ မှန်သမျှ ကိုယ့်ဆန္ဒတွေ အတိုင်းသာ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ပစ်လိုက်ပါ။
by ..DecemberCinderella
Friday, November 28, 2008
Follow Your Heart ...N.. Never Regret !!
Subscribe to:
Post Comments (Atom)
8 comments:
ကောင်းလိုက်တဲ့ပိုစ့်လေး--
ဝေငှပေးတာကျေးဇူးပါ---
ဘ၀မှာ အလုပ်တစ်ခုကို လုပ်လိုက်ရတာ အကျိုးရှိရဲ့လား၊ မရှိဘူးလားဆိုတာ သင် ဘယ်လိုခံယူသလဲဆိုတဲ့အချက်နဲ့ပဲ ဆိုင်ပါတယ်။ အဲဒီစာသားလေးကိုတော့ လုံးဝထောက်ခံ နှစ်သက်ပါတယ်။ စဉ်းစားစရာတွေ ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါ၏
တကယ့်ကိုကောင်းတယ့်စာကြောင်းလေးပါပဲ..
အနှစ်သာရအပြည့်ပဲ...
ကျေးဇူးပါဗျာ...
စာကောင်းလေးကိုဖတ်ရတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ**
အဆင်ပြေပါစေခင်ဗျာ**
ကျွန်တော်ကတော့ထမ်းသွားမယ်...
ထမ်နိုင်သလောက်ပေါ့ခင်ဗျာ....
bravo!!
ဒီဖက်ခေတ်မှာ
ဒီလို အတွေးအခေါ်နဲ့ ခေါင်းဆောင်သူတွေတော့ ရှိပေမယ့်။
သူ့လို သူငယ်ချင်းကောင်းတော့ ရှိနိုင်တော့မယ် မထင်ပါဘူး။
(( သင့်ဘ၀မှာ နောင်လဲ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးဆိုတာ သေချာရင် ..ဘယ်အရာမဆို သင်လုပ်ချင်တာ မှန်သမျှ ကိုယ့်ဆန္ဒတွေ အတိုင်းသာ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ပစ်လိုက်ပါ။))
ဆိုတာကို နှစ်သက်စွာ ခံယူပါတယ်။
http://winzaw-mdy.blogspot.com
အဲဒါမှ တကယ့်သူငယ်ချင်းစိတ်ဓါတ် ...
ထမ်းသွားမယ်ဗျာ ...
ကျည်သင့်လည်း သင့်ပါစေ ...
Post a Comment