Tuesday, November 25, 2008

Things may not be what they appear !

ခရီးတစ်ခုသွားနေတဲ့ နတ်သမီးနှစ်ပါးက တညမှာတော့ ချမ်းသာတဲ့မိသားစုတစ်စုရဲ့ အိမ်ကို ရောက်လာပြီး ညအိပ်တည်းခိုခွင့် တောင်းသတဲ့။ အနည်းငယ်မောက်မာတဲ့ မိသားစုဝင်တွေက နတ်သမီးလေးနှစ်ပါးကို အိမ်ကြီးရဲ့ မြေအောက်ခန်းတနေရာမှာ ပေးသိပ်လိုက်သတဲ့။ အေးစက်မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ပြင်နေရင်းနဲ့ အသက်ကြီးတဲ့နတ်သမီးလေးက ကြမ်းပြင်ပေါ်မှာ ပျက်စီးနေတဲ့အပေါက်တစ်ခုကို ဖာထေးပေးလိုက်တာ တွေ့တော့ အသက်ငယ်တဲ့ နတ်သမီးလေးက ဘာလို့လုပ်ပေးရတာလဲလို့ မကျေမနပ်မေးတယ်။ အဲ့ဒီအခါ အသက်ကြီးတဲ့ နတ်သမီးလေးက တချို့အကြောင်းအရာတွေဟာ အမြင်အတိုင်း ပုံသေယူဆ လို့မရဘူး လို့ပဲ ပြန်ဖြေလိုက်သတဲ့ …

နောက်တစ်နေ့ညမှာတော့ နတ်သမီးလေးနှစ်ပါးဟာ ဆင်းရဲတဲ့ လင်မယားနှစ်ယောက်အိမ်ကို ရောက်သွားပြီး တည်းခိုခွင့်တောင်းပြန် သတဲ့ကွယ်။ အဲ့ဒီအခါ လင်မယားနှစ်ယောက်က သူတို့ အိမ်မှာရှိသမျှလေးနဲ့ တည်ခင်းဧည့်ခံပြီး သူတို့ရဲ့ အိပ်ယာမှာအိပ်စေသတဲ့။ မနက်ရောက်တော့ နတ်သမီးလေးနှစ်ပါးက ခရီးဆက်ထွက်ဖို့ ပြင်ကြတဲ့အချိန်မှာ လယ်သမားနဲ့ သူ့မိန်းမက သူတို့ရဲ့ စားဝတ်နေရေး လုံးလုံးလျားလျား မှီခိုနေရတဲ့ သူတို့အားအထားရဆုံး တစ်ကောင်တည်းသောနွား သေဆုံးသွားလို့ ငိုကြွေးနေရှာသတဲ့။ ဒါကို မြင်တဲ့ နတ်သမီးငယ်လေးက အစ်မတော်နတ်သမီးကို ဒေါသတကြီး ပြောဆိုတယ်။ အစ်မက စိတ်နှလုံးကောင်းတဲ့ မရှိဆင်းရဲသားကိုကျတော့ လျစ်လျူရှုပြီး မောက်မာတဲ့လူချမ်းသာ မိသားစုကိုကျတော့ ကူညီတယ်လို့ စွပ်စွဲပြောဆိုတဲ့အခါ ..အစ်မတော်က ..

တချို့ကိစ္စတွေကအမြင်အတိုင်း ပုံသေယူဆလို့မရဘူး၊ ပထမအိမ်မှာတုံးက ငါဟာ ကြမ်းပြင်က အဲ့ဒီအပေါက်လေးကနေ ရွှေတွေကို ငါ တွေ့ခဲ့ရတော့ လောဘကြီးတဲ့ မိသားစုကို သူတို့ စေတနာအတိုင်းပဲဖြစ်ရအောင် ရွှေတွေကို မတွေ့စေဖို့ အဲ့ဒီအပေါက်ကို အပြီးပိတ်ပစ် ခဲ့တယ်။ မနေ့ညကတော့ ငါတို့ ဒီအိမ်မှာအိပ်နေတုံး သေမင်းက လယ်သမားရဲ့မိန်းမကို လာခေါ်တော့ သူ့အစား နွားကိုပဲ ငါထည့်ပေး လိုက်တယ်။

ညီမ ..တချို့အကြောင်းအရာတွေဟာ အမြင်အတိုင်း ပုံသေယူဆလို့မရဘူး ..တဲ့ …

by ..DecemberCinderella

7 comments:

Anonymous said...

ွGood Story.

Anonymous said...

ဟုတ်တယ်**ပုံသေယူလို့မရဘူး**အမြင်တိုင်းက မှန်နေမှာပဲ**အမှန်တရားဆိုတာမရှိသလို**အမှားတရား
ဆိုတာလည်း မရှိဘူး**စံတစ်ခုအဖြစ်သတ်မှတ်ထားတဲ့
လူတွေအားလုံးရဲ့အမြင်ပေါ့လေ**

Anonymous said...

အစ်မ
ပုံပြင်လေးကနေ ပေးချင်တဲ့ message ကို ယူသွားပါတယ်။ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဆိုတာကို ပေါ်လွင်စေတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com

Anonymous said...

ပို့ကောင်းလေး ဖတ်ရတာ
ခံယူစိတ်ထားလေးတွေ အတွက်
အကျိုးရှိတာမို့ နှစ်သက်မိပါတယ်

Anonymous said...

ဒီလိုပို့စ် တွေ များများ ရေး ပါ နော်။

Anonymous said...

ပုံပြင်ကောင်းလေးတစ်ပုဒ်ပါ။
ဖတ်ပြီးအတွေးပွားစေပါတယ်။။

မိုးကြယ်

Anonymous said...

ဒီလိုပါပဲ ချမ်းသာသူအတွက်တော့ရွှေပုံကြီးရှိနေသလို မပြည့်စုံတဲ့သူအတွက်တော့ဘာမှမရှိအောင်ကိုပဲ လောကကြီးကမျက်လှည့်ပြကြတယ်။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */