Tuesday, December 23, 2008

7 Wonders of the World !!!!!!!

Class တစ်ခုမှာ ကျောင်းသားတွေကို ဆရာက ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ် (၇) မျိုးဟာ ဘာလဲဆိုတာကို အဖြေရှာခိုင်းသတဲ့။ အဖြေအမျိုးမျိုး ရှိခဲ့သလို အငြင်းပွားမှုတွေလဲ ရှိခဲ့ပေမဲ့ မဲအများဆုံးရရှိတဲ့ အံဖွယ် (၇) မျိုးကတော့ ..

1. Egypt's Great Pyramids
2. Taj Mahal
3. Grand Canyon
4. Panama Canal
5. Empire State Building
6. St.Peter's Basilica
7. China's Great Wall ............တို့ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကျောင်းသူလေးတစ်ယောက်က List ကို အပြီးမသတ်နိုင်သေးတာကို ဆရာတွေ့တော့ ဘာအခက်အခဲရှိလို့လဲ လို့မေးလိုက်တယ်။ အဲ့ဒီတော့ ကျောင်းသူလေးက "ခဏလေးပါ။ များလွန်းတော့ ငါ စဉ်းစားရ ခက်နေလို့ အဆုံးမသတ်နိုင်သေးတာပါ။ အခု ပြီးပါပြီ" လို့ ပြောတော့ ဆရာက သူရဲ့ 7 Wonders of the World ကို ဖတ်ခိုင်းပါတယ်။ သူဖတ်ပြလိုက်တာက ..

1. To see ...
2. To hear ...
3. To touch ...
4. To taste ...
5. To feel ...
6. To laugh ... and
7. To love .................တဲ့ ။

တတန်းလုံး အပ်ကျသံတောင် မကြားရလောက်အောင် ငြိမ်သက်သွားပါတယ်။

ဘ၀မှာ အရိုးရှင်းဆုံးနဲ့ သာမန်လို့ ထင်ရတဲ့ အချက် (၇)ချက်ဟာ အံ့သြစရာကောင်းလောက်အောင်ကို အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်နေတယ် ဆိုတာ အားလုံးလက်ခံသဘောပေါက်သွားတယ်။

တခါတလေ ဘ၀မှာ တန်ဖိုးအရှိဆုံးဆိုတဲ့ အရာတွေဟာ လူက တီထွင်၊ ဖန်တီး၊ တည်ဆောက်ထားတဲ့ အရာတွေမဟုတ်ပါဘူး ..
That the most precious things in life cannot be built by hand or brought by man.


by ...DecemberCinderella

3 comments:

Anonymous said...

ဟုတ်တာပဲ ပုထုစဉ်တွေ အတွက် ဒါတွေ မရှိလို့
မဖြစ်ဘူးလေဗျာ။ကျနော့်လို လူဆိုရင်တော့
အခွက်ပြောင်တာပါ ထပ်ထည့်ရေးရမှာပဲဗျ။

Anonymous said...

ကောင်မလေး မသိတဲ့တစ်ပါး ကျန်ပါသေးတယ် အမဆင့် ... အဲဒါကတော့ To Blog ပါ ...။ ဟုတ်တယ် မဟုတ်လား ...

Anonymous said...

အတော်ကောင်းတဲ့ပို့စ်တစ်ခုပါ ပြင်ပအထင်ကရတွေရယ်အတွင်းက အထင်ကရတွေရယ် အားပြိုင်ပြသွားတာပါပဲ။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */