Wednesday, December 24, 2008

99.95% challenge that u will have a wrong answer !!!

တခါက ဘတ်စကားတစ်စီးဟာ တောင်တွေကြားထဲက လမ်းတစ်ခုမှာဖြတ်မောင်းနေတုံး ကားပေါ်မှာပါတဲ့ ခရီးသည်တွေထဲက လင်မယား နှစ်ယောက်က တနေရာမှာ နေခဲ့ဖို့ဆုံးဖြတ်ပြီး ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ဆင်းပြီး ကားပြန်အထွက်လေးမှာပဲ တောင်ပေါ်က ကျောက်တုံးအကြီးကြီးတစ်တုံးက လိမ့်ဆင်းလာပြီး ကားခေါင်မိုးပေါ်တည့်တည့်ကျသွားတော့ ကားပေါ်က ခရီးသည်တွေအကုန် အသက် ဆုံးရှုံးသွားတယ်။ ဒါကို မြင်လိုက်ရတဲ့ လင်မယားနှစ်ယောက်က " ငါတို့ အဲ့ဒီကားပေါ်မှာ ရှိနေသေးခဲ့ရင် သိပ်ကောင်းမှာနော် " လို့ ပြောကြတယ်။ ဘာလို့ သူတို့ အဲ့လိုပြောလိုက်ရတာလဲ ....... ( အဖြေကို နည်းနည်းလောက်စဉ်းစားပေးစေ ချင်ပါတယ် ။။ ဆက်မဖတ်ခင် ....)

သူတို့သာ ကားပေါ်က မဆင်းလိုက်ဘူးဆိုရင် ... သူတို့ဆင်းလိုက်တဲ့ အချိန်ကြန့်ကြာမှုဆိုတာ ရှိခဲ့မှာမဟုတ်တော့ ဘတ်စကားပေါ်ကျသွားခဲ့တဲ့ ကျောက်တုံးကြီးဟာလဲ တကယ်ဆိုရင် ဘတ်စကားဖြတ်သွားပြီးတဲ့အချိန်မှပဲ ကျနိုင်မှာပေါ့ .. ဒါဆို ဒီလိုဆုံးရှုံးမှုမျိုးကိုလဲ ရှောင်လွှဲနိုင်မှာပေါ့နော် ...

ဘ၀မှာ တတ်နိုင်သလောက် အကောင်းဘက်ကမြင်ကြည့်ပြီး တခြားသူတွေကို ကူညီနိုင်မဲ့ အခွင့်အရေးတွေကို ရှာဖွေပါ။
Think positive in life always and look for opportunities when u can help Others......

ကျွန်မ အဖြေမှန်ကို မရခဲ့ပါဘူး ...အဲ့ဒါ ဘာလို့လဲဆိုတော့ ... ကျွန်မက စဉ်းစားရတာမုန်းတော့ အမြဲလိုလို အရှုံးနဲ့ရင်ဆိုင်ရတာများတယ်။

ဘ၀မှာ ခဏခဏ ကြုံရပါလိမ့်မယ်။ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်က ကျရှုံးခြင်းမဟုတ်ပါဘူး။ ရှောင်ပြေးခြင်းပါ။
Many times in life, the opposite of Success is not Failure, its Quitting.

အောင်မြင်သူတိုင်း ဘ၀ကို ရဲရဲရင်ဆိုင်ခဲ့ကြပါတယ်။ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားသူတိုင်း ဘ၀ကို အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
Winners never quit, quitters never win....

by ...DecemberCinderella

Ref: 1 of the incoming mails from 1 of my beloved friends ..

3 comments:

Anonymous said...

ဟုတ်တယ် အမရေ ကျတော်လဲ
မစဉ်းစားမိဘူး။ ကျတော်တို့ အကောင်းမြင်စိတ်
မရှိသေးဘူးပေါ့နော်။
ကောင်းတယ်အမရေ အခုလို့ မျှဝေတာ
ကျေးဇူးပါ
ခင်မင်လျှက် ဖိုးဂျယ်

Anonymous said...

NEVER SURRENDER

Anonymous said...

သိရင်တော့ ဟုတ်မှာပါ မသိမှမသိတာ
ဒီလင်မယားလွတ်သွားတာ ကံဖယ်တာပေါ့

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */