ငါ့မှာ
ဘာမှမရှိတော့ဘူး ..ချစ်သူ ....
မင်းကိုချစ်မိတဲ့နေ့ကစပြီး
ငါ့အတ္တတွေကို သဂြိုလ်ခဲ့တယ် ...
ငါ့မာနတွေကို မြေမြုပ်ပစ်ခဲ့တယ် ...
စက်ရုပ်လိုဘ၀ထဲမှာ ကြိုးစားရှင်သန်ခဲ့တယ် ...
အခု ငါ့မှာ
မင်းကို ချစ်တဲ့နှလုံးသားတစ်စုံက
ရင်ခုန်နေသေးတာကလွဲလို့
ထပ်ပေးဆပ်စရာ ..
ဘာမှကိုမကျန်တော့ဘူး ချစ်သူ ...
ချစ်ခြင်းရဲ့ နိဂုံးက
လမ်းခွဲခြင်းမဟုတ်လို့
ဝေးကွာဖို့ဆိုတဲ့ အခြေအနေတရပ်
ငါ့ပြဌာန်းချက်မှာ မရှိတော့လဲ
တစ်ယောက်တည်း ကြေကွဲနေရတာကိုက
ငါ့ဘ၀ပေးပဲ ထားလိုက်ပါတော့ ချစ်သူရယ် ...
by ..DecemberCinderella
Saturday, December 13, 2008
မင်းကလွဲလို့ ...
Subscribe to:
Post Comments (Atom)
2 comments:
ကျွန်တော်ကတော့ ချစ်ခြင်းရဲ့ ပန်းတိုင်ဟာ ဆုံဆည်းခြင်းလို့ သတ်မှတ်ထားတယ်၊ ချစ်သူတိုင်း ဆုံဆည်းပါစေလို့လည်း ... ထာဝရဆုတောင်းပေးနေပါတယ်ဗျာ ... ။
ခင်မင်လေးစားစွာဖြင့်`
လူကျန်သေးတယ်၊ပေးလိုက်ဦး ဟိဟိ
Post a Comment