ကိုယ့်အတ္တအနည်းငယ်စီ အုတ်မြစ်ချပြီး
ဒီစာမျက်နှာတွေကို ငါတို့စဖန်တီးကြတယ်။
စာရေးသူတို့ဘ၀ဆိုတာ
စာဖတ်သူရှိမှလဲ ပိုပြည့်စုံတာပါ။
ဘယ်လိုပဲတွေးတွေး ဘယ်လိုပဲရေးရေး
အပေးအယူ မျှတဖို့တော့လိုတယ်လေ။
ဝေဖန်မှုဆိုတာ လိုအပ်သလို
ကိုယ့်အတ္တတွေ ရှေ့တန်းတင်တတ်တာကိုလဲ
ကန့်သတ်ထားမယ်ဆိုရင်တော့
ဒီလောကထဲက ငါတို့တွေ
ပိုပြီးလက်တွဲညီမယ် ထင်ပါတယ် ....
by ..DecemberCinderella
Tuesday, December 2, 2008
လရောင်အောက်က မျှော်လင့်ခြင်းများ
Subscribe to:
Post Comments (Atom)
7 comments:
ဟုတ်တယ်ဗျာ...
အတ္တတွေလျှော့ပြီး
မျှမျှတတလေး သဘောထားနိုင်ကြရင်တော့
ကောင်းတာပေါ့ဗျာ..
ရောင်းသူဝယ်သူ အသံတူရမပေါ့ဗျာ..
ခင်မင်လျက်
နွေသူရ
ကိုယ်တစ်ဦးတည်းရဲ့ ခံစားမှုတွေ ဖြစ်ချင်မှုတွေ အတ္တတွေ ထိန်းချုပ်ပြီး ကဗျာ ကို ကဗျာ အနေနဲ့
စာကို စာအနေနဲ့လောက်ပဲ ဖတ်ရှုတာ မလွန်ဘူးပေါ့ဗျာ ...
ဝေဖန်မှု တစ်ခု ပြုမယ်ဆိုရင်တော့ အနည်းဆုံးတော့ ၃ ချက် ၄ ချက်လောက်တော့ ပြန်ဆန်းစစ်ဖို့ လိုအပ်တယ်လို့ ထင်တယ်ဗျ ...
၁။ ကိုယ်ပြောချင်တာက လူ့ဘောင် လူ့စည်းတွေနဲ့ ကိုက်ညီရဲ့လား ။
၂။ ဝေဖန်မှု ပြုနိုင်အောင် ကိုယ်နဲ့ သူနဲ့ကြားမှာ အပြန်အလှန်ရင်းနှီးမှု (သို့) စေတနာ ပြည့်စုံပြီလား။
၃။ ဝေဖန်ခံရမယ့် သူမှာ ဝေဖန်ခံနိင်လောက်တဲ့ ခံနိုင်ရည် ရှိရဲ့လား ။
ဒါက အကြမ်းဖျဉ်းပါ .. နောက်ထပ်တွေလည်း အများကြီးလိုဦးမှာပါ ..
အနည်းဆုံးတော့ အဲ့ဒီ ၃ ချက်လောက်နဲ့ ပြည့်စုံမှ ဝေဖန်မှုဆိုတာ ပြုဖို့ သင့်တယ်လို့ ထင်မြင်မိကြောင်းပါခင်ဗျ ...
ဝေဖန်ခြင်းကို လက်ကမ်းကြိုဆိုပါသည်..
အပြစ်တင်ခြင်းကိုမူ....
သင်ကိုယ်တိုင်ပြန်လည်..
ယူဆောင်သွားစေလိုပါသည်...
အတ္တအပြင် ရှိသေးတယ်လို့ မထင်ဘူးလား ...
ကျွန်တော့်မှာတော့ တစ်ပုံတစ်ပင်ပဲ ... အတ္တလည်းပါမယ်၊ ပရလည်း ပါမယ်၊ အရာရာလည်း ပါနိုင်တယ်လေ... ကျွန်တော်တို့နေတဲ့အခန်း ခပ်ကျဉ်းကျဉ်းလေးထဲက စာမျက်နှာတွေက ကမ္ဘာကြီး ပတ်နေကြတယ် မဟုတ်လား ...
ကျွန်တော် ပြောဖူးသလို ... အစက စိတ်ထွက်ပေါက်ရယ်လို့ သတ်မှတ်ခဲ့ပေမယ့် အဲဘောင်ထက်ကျော်လွန်သွားခဲ့တာ မသိမသာလှမ်းမြင်ရတယ်... ၀င်ပေါက် ...
ဟုတ်တယ် ... ၀င်ပေါက်တစ်ခုလည်း လာ ဖြစ်နေတယ်...
ရနံသင်းသင်းတွေ ၀င်လာနိုင်မယ် ...
ပုတ်အက်အက်မြောင်းနံတွေ ၀င်လာနိုင်မယ် ...
နှင်းဆီဖူးရဲ့ ချိုအီအီရနံတွေလည်း ၀င်လာနိုင်မယ်
ညစ်တူးတူး ညော်ဦးရနံတွေလည်း ပါလာနိုင်တယ် မဟုတ်လား ...
အဲအခါ ပိတ်ထားမှာလား ဖွင့်ထားမှာလား ... သိချင်နေတာပါ ... ရွှေအတွက် သက်သေခံမယ့် ဖယောင်းတွေနဲ့ လက်တွဲပြီး မှတ်ကျောက်တွေအတွက် ပြင်ဆင်ထားတဲ့ အခါ ...
လရောင်အောက်က မျှော်လင့်ခြင်းများ အရောင်ပိုတောက်ပြောင်လာမယ်ရယ်လို့တော့ ....။
ခင်မင်လေးစားမှုများစွာဖြင့်
ဖတ်သွားတယ်အစ်မ......
http://winzaw-mdy.blogspot.com/
:D
:(
!#!@%^%$^&%&%^&%%#%%$
ရယ်ရတယ်နော်...
ကဗျာေးကိုဖတ်မှတ်သွားပါကြောင်း
Post a Comment