![]() |
အရင်ပုံစံတွေကို ပြင်ခဲ့တယ် ...
ခုံမင်ခဲ့တဲ့ အချစ်တွေအတွက်
မကြုံချင်တဲ့ အပူမီးထဲ တိုးဝင်ခဲ့တယ် ...
မက်မောခဲ့တဲ့ အယုအယတွေအတွက်
အပြတ်ပြောခဲ့တဲ့ အခြေအနေကို ပြန်ပြင်တယ် ...
အတူရှိမဲ့ မနက်ဖြန်တွေအတွက်
သူမသိတဲ့ ယုံကြည်ချက်တွေ ရှိခဲ့တယ် …
“ ချစ်သူရယ် ..
မင်း တစ်ယောက်တည်းပဲ လိုပါတယ် ……”
by ...DecemberCinderella

7 comments:
ပုံကမဆင့်ဆွဲတာလား...
ကျွန်တော်မဆင့်ပုံကိုမြင်ဖူးတယ်နော်....
လိုအပ်ချက်တွေပြည့်ဝပါစေ....
နှစ်သစ်မှာ
လိုအင်ဆန္ဒတွေ
အတူရှိမဲ့ အချိန်တိုင်းအတွက်
ထပ်တူထပ်မျှ ပြည့်နိုင်ပါစေ
http://winzaw-mdy.blogspot.com
ချစ်သူသိစေကွား... မပူပါနဲ့ ရွှေမင်းသားက ဖိနပ်တစ်ဖက်နဲ့တောင် လိုက်ရှာခဲ့တယ်လေး :P Happy New Year naw...
“ ချစ်သူရယ် ..
မင်း တစ်ယောက်တည်းပဲ လိုပါတယ် ……”
ဟုတ်တယ်ပေါ့အမဆင့်ရေ
တစ်ယောက်ထဲပဲလားဗျ။ယူပါဗျ ၂ယောက်
၃ယောက်လောက် ဒါမှ တစ်ယောက် အဆင်မပြေရင် ကျန်တဲ့၂ယောက်ဆီသွားနေလို့ရတာပေါ့ဗျ
ရှာမတွေ့လဲပြော အီဖေကိုတစ်ယောက်လုံးအား
နေတယ်ဗျ။ အဟိဟိ
ကျနော်လဲရှာနေတာပဲဗျ ငှီးငှီးငှီး
တကယ်ချစ်တာပါ
တူညီတဲ့ သစ္စာစကားတစ်ခွန်း
ဘာကြောင့်မှ အပွန်းအပဲ့မခံနိုင်ဘူး..။
ရင်နင့်အောင် ချစ်ခဲ့တာဆိုတော့
အပြစ်ဖွဲ့ကာဝေဖန်ကဲ့ရဲ့လည်း
ဖွဲစကွဲ လိုပဲ မှတ်လိုက်မယ်....။
အတူရှိမဲ့ မနက်ဖြန်များစွာ
ပျော်စရာကမ္ဘာလေးထဲမှာ
“ချစ်သူရယ်...
ရင်ခုန်ပစ်လိုက်စမ်းပါ....”။
Post a Comment