
မင်းပျော်ရွှင်ဖို့အတွက်
ငါ့မျက်ရည်တွေကို စတေးရမှဆိုရင်
ဘာမှမပြောဘူး ကောင်လေးရယ်
ကွယ်ရာမှာပဲ အမြဲငိုနေမယ် ....
မင်းကျေနပ်ဖို့အတွက်
ငါ့အိပ်မက်တွေ ဖျက်ဆီးပစ်ရမှဆိုရင်
နေပါစေတော့ ကောင်လေးရယ်
မင်းလုပ်ရပ်အတွက် ပျော်စေချင်ပါတယ် ....
မင်းစိတ်ချမ်းသာဖို့အတွက်
တခြားသူတွေကို အနှောက်အယှက်ပေးရမှဆိုရင်
ကျေနပ်ပါတော့ ကောင်လေးရယ်
မင်းတဖတ်သက် အနိုင်ရပါတယ် ....
By ...DecemberCinderella
Wednesday, December 10, 2008
မင်းပျော်မယ်ဆိုရင် ....
Subscribe to:
Post Comments (Atom)
3 comments:
စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ။အိမ် တဟ်အိမ်လုံးရှိပါသေးတယ်ဗျ စိတ်ညစ်ရင် အိမ်ကိုလာခဲ့ပေါ့
ချမ်းတယ်၊ လွမ်းနေမယ်
အေးတယ်၊ ဆွေးနေမယ်
ဝေးတယ်၊ သံသယ၀င်မယ်
ချစ်တယ်၊ အရှုံးပေးပါမယ်
http://winzaw-mdy.blogspot.com/
ကောင်လေးကို တကယ်ချစ်တာလား....။
ကွယ်ရာမှာ ငိုနေမယ်ပေါ့....။
ကောင်လေးကျေနပ်ဖို့
ကောင်လေးပျော်နေဖို့
ကောင်လေးကို အနိုင်ပေးဖို့
ဖြစ်လာတဲ့သူပေါ့....ဟုတ်လား....။
အံမယ်...အံမယ်...ချစ်တတ်လိုက်တာကြည့်စမ်း...
အဖေအမေထက် ချစ်တဲ့ မောင်မောင်ရယ်....
မိန်းမတို့ အိနြေ္ဓတွေကို ပယ်...
မောင့်ကိုလေ မမြင်ရ ခင်နှမမှာကွယ်
မနေတတ် ပျို့စိတ်မှာတကယ်.......တဲ့
အဲဒီသီချင်းလိုပဲပေါ့နော်....
ချစ်ကြပါ.....ချစ်နိုင်သူတွေ ချစ်ကြပါ....
Post a Comment