အပင်မြင့်ရင် လေတိုက်ခံရတယ်တဲ့
ငါ့အတွက်တော့
အပင်နိမ့်လို့ ခလုတ်တိုက်ခံရတာပဲဖြစ်မှာပါ ...
ကံဇာတာဟာ
ကံစမ်းမဲတောင် အညံ့ဆုံးကိုမှ ရွေးရခဲ့တဲ့သူမျိုး
သူများတွေ လွယ်လွယ်ကူကူရခဲ့တဲ့အရာကို
ကိုယ့်ကျမှ ခက်ခက်ခဲခဲကြိုးစားရတာမျိုး
မရိုးနိုင်အောင်ကြုံရတော့
ထိုင်စိတ်ကုန်နေလို့လဲမဖြစ်တဲ့
လောကကြီးရဲ့ ထိုးနှက်ချက်တွေကြားမှာ
စိတ်ဓါတ်တွေ အစမ်းသပ်ခံနိုင်အောင်ပဲ ပြင်ဆင်ထားရတယ် ....
ဘယ်လိုပဲဖြစ်ဖြစ်လေ
ကိုယ့်ကိုကိုယ် သိပ်ချစ်တတ်တဲ့သူတစ်ယောက်က
ကိုယ့်ကိုချစ်သလောက်တောင်
သူ့ကိုယ်သူမချစ်ရှာတဲ့
အဲ့ဒီကောင်ကလေးနဲ့ ဆုံဆည်းခဲ့ဒီလောကကိုတော့
အမြဲလို ကျေနပ်စွာ တန်ဖိုးထားခဲ့တာ
ကောင်မလေးရဲ့ သစ္စာစကားပါ ...
by ...DecemberCinderella
( ကောင်ကလေးရယ် ..မင်းဖန်တီးပေးထားတဲ့ ဒီကမ္ဘာလေးက ထွက်ပြေးသွားဖို့ ဘယ်လိုမှ စိတ်မကူးပါဘူး။ ဒီနေရာလေးဟာ မင်းကိုချစ်တဲ့ မင်းကချစ်တဲ့ ငါတို့နှစ်ယောက်ရဲ့ ပုံရိပ်ကလေးပါ။)
Wednesday, December 3, 2008
ဤမှန်သောစကားကြောင့် ....
Subscribe to:
Post Comments (Atom)
6 comments:
ဤမှန်သော သစ္စာ စကားကြောင့် သွားလေရာ ခလုတ်မထိ ဆူးမညှိ ပါစေနဲ့လို့ ဘေးကနေ ဆုတောင်းပေးပါ့မယ်...
ဘ၀မှာ အနိမ့် အမြင့် ရှိသလို အတတ်အကျတွေလည်း ရှိတယ်.. ဒီအတွက် ဘာမှ မပူပါနဲ့..
ဒီလို ဆုံဆည်း ခဲ့တဲ့နေရာလေးတွေ ကို အမှတ်တရ ရင်မှာ သိမ်းထားရင်းနဲ့ ဘ၀မှာ ရင်ဆိုင်ကြမယ်နော်..
ကံကျမ္မာရဲ့ကြံရာပါစွဲချက်တွေနဲ့တော့..
နောက်မဆုတ်လိုက်ပါနဲ့..
ဤမှန်သော သစ္စာ စကားကြောင့်..
မုန်တိုင်းကိုဖောက်ပြီးတဲ့နေ့မှာ..
မျှော်လင့်ခြင်းသောင်ကမ်းကိုရောက်ရှိလာမှာပါ...
ခင်မင်လျက်..
နွေသူရ
ခံစားဖတ်ရှုသွားပါတယ်
"ဤမှန်သောစကားကြောင့် ...."
ထာဝရ..
ပျော်ရွှင်နိုင်ပါစေ.....
ဤမှန်သောစကားကြောင့် လိုတိုင်းတရနိုင်ပါစေဗျာ။
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Post a Comment