
လမ်းခွဲစကားမဆိုနဲ့ ချစ်သူ
နှုတ်ဆက်ဖို့ ငါ အဆင်သင့်မဖြစ်သေးဘူး
ဒီ့ထက်သေချာအောင်ပြောရရင်
ဘယ်တော့မှလဲ ဖြစ်မှာမဟုတ်ဘူး ...
အသေအချာ ၀န်ခံထားရက်နဲ့
ချန်ထားခဲ့ချင်သပါ့ ဆိုရင်လဲ
မင်းပဲစပြီး ကျောခိုင်းသွားပါ .....
ငါကတော့ ....
စတွေ့ခဲ့ ဒီနေရာမှာ
မင်းလာရာလမ်းကို မျှော်ချင်တုံး ...
မခေါ်ခဲ့တဲ့ လမ်းတ၀က်မှာ
ပြန်လာမလားလို့ စောင့်ချင်တုံး ...
မပြီးဆုံးခဲ့တဲ့ အိပ်မက်တွေကို
တစ်ယောက်တည်း ထွေးဖက်ထားချင်တုံး ...
မင်းပစ်ချခဲ့တဲ့ မျှော်လင့်ချက်တွေကို
မပျောက်ပျက်အောင် ဆက်တည်ဆောက်ချင်တုံး .....
by ...DecemberCinderella
Tuesday, December 16, 2008
ပုံရိပ်မပျက်သော အိပ်မက်များ
Subscribe to:
Post Comments (Atom)
8 comments:
ချစ်တတ်လွန်းသူ တစ်ဦးရဲ့ ရင်ထဲ စကားသံ ကဗျာလေးကို လာဖတ်ပါတယ်။
အဆင်ပြေပါစေဗျာ..
http://winzaw-mdy.blogspot.com
ကိုဝင်းဇော်ပြောတဲ့အတိုင်းပါဘဲ။
ကဗျာလေးကောင်းလိုက်တာ အမရယ်
ညလေးရဲ့ကဗျာလေးတွေကတော်တော်လေးကိုကောင်းတယ်နော် အမြဲအားပေးနေပါတယ်
ညလေးက မသိပေမဲ့ အမ က အမြဲရောက်ပါတယ်
ကျွန်တော့်ရင်ထဲက ခံစားချက်တွေနဲ့ ထပ်တူကျတယ်
အစ်မရင်ထဲကခံစားချက်က ကဗျာလေးထက်ပိုနေမယ်ဆိုတာမြင်နေရတယ်..အဆင်ပြေပါစေ
ကဗျာလေး ကောင်းတယ် စင်ဒရဲလားရေ။ အဆင်ပြေပါစေနော်။
စောင့်မနေပါနဲ့တော့နော်၊အခုအသစ်တွေ့လို့
အသစ်နဲ့ပျော်နေပြီ သူလဲအသစ်ရှာပြီးသာ
ချစ်တော့နော်။စောင့်ချင်သပဆိုလဲ စောင့်နေလေ ကိုယ့်ကို ဘယ်သူမှ မလိုတဲ့တနေ့
ပြန်လာခဲ့မယ် ခဏတဖြုတ်စိတ်ပြေလက်ပျောက်
ပေါ့။ ဟီ
Post a Comment