ပြန်ခဲ့ပေမဲ့ ..
ငါ့စိတ်တွေ ကျန်ခဲ့တယ် ။
မျက်ရည်မကျခဲ့ပေမဲ့
အလွမ်းတွေ မြေမှာခခဲ့တယ် ။။
မဆုံနိုင်သေးပေမဲ့
မကုန်နိုင်တဲ့ သံယောဇဉ်တွေ ပိုတိုးတယ် ။။။
မနီးစပ်နိုင်သေးပေမဲ့
အနီးကပ်ဆုံး ရင်ခုန်သံချင်း နားလည်တယ် ။။။။
ဘယ်တော့လဲဆိုတာ မရေရာပေမဲ့
တို့မဝေးဘူးဆိုတာတော့ သိပ်သေချာတယ် ။။။။။
by ...DecemberCinderella ( to the Memory of 6th December, 2008)
Sunday, December 7, 2008
"တို့မဝေးဘူး"
Subscribe to:
Post Comments (Atom)
8 comments:
ကောင်းပါပေ့ဗျာ..
ရင်ထဲကလာတဲ့စာဆိုတော့...
mood က အပြည့်ပဲ...
ရင်ခုန်သံချင်း အမြန်ဆုံးနီးစပ်ပါစေဗျာ...
နွေသူရ
ကဗျာလေးက ချစ်စရာကောင်းလိုက်တာဗျာ..
အချစ်မှာ နီးခြင်းဝေးခြင်းဟာ ပညတ်တစ်ခုသာသာအဆင့်ကို လျော့ကျနေပြီး သက်ရောက်မှုမရှိပါဘူးနော် ...။
ကဗျားလေးက ခံစားလို့ ကောင်းတယ်ဗျာ။
ဆက်ရေးဗျို့
အပျော်နဲ့ပြန်လာတာမို့ ၀မ်းသာကြောင်းပါ။
http://winzaw-mdy.blogspot.com
အားကျတယ်..အားကျတယ်.. အားကျရုံဘဲ တက်နိုင်ပါတော့တယ်..ပျော်ပါစေ အစ်မရေ..
ဒီကဗျာကြိုက်တယ်**
ဘယ်တော့လည်းဆိုတာမရေရာပေမဲ့
တိုးမဝေးဘူးဆိုတာတော့ သိပ်သေချာတယ်
အဲဒီစာကြောင်းအကြိုက်ဆုံးပဲ
မဝေးတော့ဘူးတဲ့လား။ သေချာတယ်နော်။ အားကျမိပါရဲ့ဗျာ။ ဘဝအခက်အခဲတွေကို အောင်မြင်စွာနဲ့ကျော်လွန်ဖြတ်သန်းနိုင်ပါစေ။
Post a Comment