ဒီကမ္ဘာကို
ခြေချမိရာကအစ
ငါ့ဘ၀မှာ
မမြင်ရတဲ့ သူငယ်ချင်းတွေကို
အပြင်လောက အပေါင်းအသင်းထက်
ပိုမက်မောခင်တွယ်လာခဲ့တယ် ....
ဒါပေမဲ့
တချို့တချို့သော Blogger လေးတွေ
ဒါကို အခွင့်ကောင်းယူလို့
ဘယ်သူမှ (ဗုံနဲ့) မမြှောက်ရပဲ
တစ်ယောက်တည်း ရွေးကောက်ပွဲကျင်းပနေလေရဲ့ ...
စိတ်ထားဖြူဖြူ
Blogger သူလေးတွေကတော့
ညဏ်နုံနဲသူလေးကို ဗွေမယူရှာပါဘူး
မထူးခြားတဲ့ ရွေးကောက်ပွဲကြီးရဲ့
အစီအစဉ်မှူး အရူးအပေါကိုသာ
Comment များနဲ့ ထောမနာပြုလို့
ဝိုင်းဝန်းဆုတောင်းပေးပုံက
"ဘ၀ကံအကျိုးပေး မကောင်းရှာသူရယ်
ဒီ့ထက်ပိုပြီး ပေါနိုင်ပါစေကွယ်" ..တဲ့ ...
by ....DecemberCinderella
( ကိုယ့်စရိတ်နဲ့ကိုယ် ဦးနှောက်အစားခံ၊ အချိန်ကုန်ခံပြီး blogger သူလေးများ အလကားနေရင်း နာမည်မကြီးကြီးအောင် ကူညီစွမ်းဆောင်ပေးသော မောင်လေး အိမ် သို့ ..ကျေးဇူးတင် အမှတ်တရ ....)
Thursday, December 11, 2008
"50 Cent"
Subscribe to:
Post Comments (Atom)
3 comments:
ဟုတ်တယ်။
ကိုဇော်ဝင်းပြောသလိုပဲ အဲ့အပိုဒ်တော့
အရမ်းကြိုက်တယ်။ သူငယ်ချင်းထက်ပိုချစ်ကျတဲ့
မောင်နှမတွေလို ဖြစ်နေကျလို့
ခင်မင်လျှက် ဖိုးဂျယ်
အငှီးငှီး... ပြား၅၀ဆိုတော့ အမေရိကန် ဟစ်ဟော့ အဆိုတော်လား ငင်။ ဟိဟိ
ကဗျာကို လက်တန်းချရေးနိုင်တဲ့ ဥဏ်လေးတော့
လေးစားတယ်ဗျာ။
ကောင်းပါတယ်...
ဘလော့ဂါချင်းချင်း ရင်းနှီးတတ်တာ...။
စိတ်ထားဖြူစင်တတ်တဲ့ ချစ်သူ့ပုံရိပ်မှာ ချစ်သူငယ်ချင်းတွေ ဒီထက်များဦးမှာပါ။
Post a Comment