စာပေ၊ ဂီတ အနုပညာ
ဝါသနာပါသူတို့ မွေးဖွားလာရာ ..ဒီဇင်ဘာ
ဟန်ဆောင်တတ်သော်ငြား
ခံစားချက်နုနယ်လွန်းသူများ ဆုံဆည်းရာ ..ဒီဇင်ဘာ
ချစ်သူများသလိုလို ဖြစ်တတ်သွား
အချစ်ကံခေသူများ ဖြစ်တည်ရာ …ဒီဇင်ဘာ
စိတ်ဒွိဟဖြစ်ခါ ပြောင်းလဲလွယ်သလား
ဆုံးဖြတ်ချက်များအတွက် တွေဝေတတ်တာ ..ဒီဇင်ဘာ
ကိုယ့်ကိုထားခဲ့ရက်သူများ
အပြစ်မဆိုအား ခွင့်လွှတ်လွယ်တာ …ဒီဇင်ဘာ
ပတ်ဝန်းကျင်ကို ခေါင်းထဲမထား
ထင်ရာလုပ်တတ်တာ ..ဒီဇင်ဘာ
ဦးနှောက်ခွင့်ပြုချက် ယူသော်ငြား
နှလုံးသားကို ဦးစားပေးတာ ..ဒီဇင်ဘာ
အချိန်ယူပြီး အလေးအနက်စဉ်းစား
ဆုံးဖြတ်ချက်ချတော့ မြန်လွန်းတာ ..ဒီဇင်ဘာ
ဤရာသီဖွား ဓနုစစ်စစ်များ
အသဲကွဲဖူးသလောက် အမှတ်မရှိတာ ..ဒီဇင်ဘာ
ကိုယ်တွေ့အဖြစ်ကို အခြေခံထား
ဖြစ်ရပ်မှန်ကို ၀န်ခံလိုက်တယ်…ဒီဇင်ဘာ …
စံဇာဏီဘိုတော့ မဟုတ်ဘူးပေါ့ဟာ ……..
by ..DecemberCinderella
{ မောင်လေး နွေသူရ (ပျံသန်းခြင်းရပ်ဝန်း) ၏ December-2 ရက်နေ့တွင် ကျရောက်မည့် အသက်အတိအကျ မသိသော (သူ post မတင်ခင် ကိုယ်က လက်ဆောင်ပေးမိလို့) မွေးနေ့အတွက် ...အမှတ်တရ ..)
Monday, December 1, 2008
December-Born များသို့ ..အမှတ်တရ ..
Subscribe to:
Post Comments (Atom)
5 comments:
ဒီလိုပါဘဲ...
အရာအားလုံးဟာ....
ကြာသွားရင်တော့....
အရောင်တွေပြောင်ပြီး...
အိမ်မက်တွေဘဲဖြစ်သွားမှာပါ....
ဒီလိုပါဘဲ...
အရာအားလုံးဟာ....
ကြာသွားရင်တော့....
အမုန်းတွေက...
အရောင်တွေလွင့်...
အရှုံးတွေက...
အရောင်တွေလွင့်...
ဒီလိုပါဘဲ...
အရာအားလုံးဟာ....
ကြာသွားတော့လည်း...
အရောင်တွေလွင့်...
အ....ရောင်....တွေ....လွင့်....
ဒီလိုပါဘဲ...အတူတူပါဘဲ...မပေါ့မပါးနဲ့..ရအောင်ရီနေတာပါ...
ဒီဇင်ဘာ ဘွန်းတစ်ယောက်အနေနဲ့လာရောက်ထပ်တူခံစားသွားပါတယ်ခင်ဗျာ
ဟုတ်တ်ာဗျာ မှန်လိုက်လေ
ကျတော်လဲ ဒီဇင်ဘာဖွားလေ
မွေးနေ့ပါ တခါတည်းဖိတ်လိုက်တယ်။
၅.၁၂.၀၈ပါ မွေးနေ့ကို လာရောက်ချီးမြှင့်လှဲ့ပါ။
ခင်မင်လျှက် ဖိုးဂျယ်
ကျေးဇူးကမ္ဘာပါပဲ အမရေ...
ကဗျာလေးအတွက်ရော..
ဒီဇင်ဘာဖွားတွေအတွက်ရော..
ဓနုတွေအတွက်ပါဂုဏ်ယူပါတယ်ဗျာ..
မွေးနေ့ပွဲလေးကိုတော့ မဖြစ် ဖြစ်တဲ့နည်းနဲ့ဆက်ဆက်လာပေးပါလို့
ဖိတ်ခေါ်ပါတယ်..
ဒီဇင်ဘာကိုချစ်တယ်ပေါ့လေ***
ဟေဟေ***အနွေးထည်ကောင်းကောင်းမရှိတဲ့ သူအတွက်
ဒီဇင်ဘာကို မုန်းတယ် ***အဟဲ
Post a Comment