ကိုယ့်မွေးနေ့လ ဖြစ်လို့လားမသိဘူး
ငါ ..နင့်ကို သိပ်ချစ်တယ် ဒီဇင်ဘာ …..
သိပ်ချစ်ခဲ့ဖူးသူတစ်ယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရလို့လား မသိဘူး
ငါ ..နင့်ကို အမြဲသတိရတယ် ဒီဇင်ဘာ …..
မြဲမြံမယ်ထင်တဲ့ လက်ကလေးတစ်စုံကို
အမှတ်မထင် ဖြုတ်ချခံခဲ့ရလို့လားမသိဘူး
ငါ ..နင့်ကို ဘယ်လိုမှ မေ့လို့မရဘူး ဒီဇင်ဘာ …...
နူးညံ့ချိုသာခဲ့တဲ့ စကားလုံးတွေ
ရုတ်တရက် အရောင်ပြောင်းသွားလို့လား မသိဘူး
ငါ ..နင့်ကို အမှတ်ရနေတုံးပဲ ဒီဇင်ဘာ …..
နင့်ကို ရူးသွပ်တမ်းတဆဲ ငါက
မှတ်မှတ်ရရ .. ဒီကဗျာကို ရေးခဲ့ဖူးတယ် ..ဒီဇင်ဘာ
{{{ "December" မှာ
လက်စွပ်ပြန်အပေးခံရတဲ့ မိန်းကလေးတစ်ယောက်
မင်းဘ၀ထဲက ပျောက်ကွယ်သွားတာ
ဘာမှ ....မဆန်းပါဘူး ကောင်ကလေးရယ် ...
ကိုယ်ဟာ ..ဘယ်သူ့အတွက်မှ
တမ်းတချင်စရာကောင်းတဲ့သူလဲ မဟုတ်ခဲ့ဘူး ။
"New Year Eve" မှာ
ငါ့ဘ၀ထဲက မင်းထွက်သွားတော့လို့
ရက်စက်စွာအပြောခံရဖူးသူတစ်ယောက်
ရန်ကုန်မြေကပျောက်ကွယ်သွားတာ
ဘာမှ ..မကြာသေးပါဘူး ကောင်ကလေးရယ် ..
ဘယ်လိုပဲဖြစ်ဖြစ် ..ကိုယ်ဟာ ..
လွမ်းလောက်စရာလူလဲ မဟုတ်ခဲ့ပါဘူး ။
"August 15" မှာ
မွေးနေ့ဆုတောင်း E.Card ကို
အငြင်းပယ်ခံရတဲ့သူတစ်ယောက်
Online ပေါ်က ပျောက်ကွယ်ခဲ့တာ
ဘယ်သူမှ ၀မ်းမနည်းပါဘူး ကောင်ကလေးရယ် ..
တကယ်တော့လဲ ..ကိုယ်ဟာ
ပြန်ငဲ့ကြည့်ချင်စရာကောင်းသူတစ်ယောက်
တကယ့်ကို မဟုတ်ခဲ့ပါဘူး ။။။ }}}
by ...DecemberCinderella
Monday, December 1, 2008
" ခံစားမှုများစွာ ..December "
Subscribe to:
Post Comments (Atom)
8 comments:
ဒီနေ့ကစလို့
နောက်လာမယ်ဒီဇင်ဘာတိုင်းမှာပျော်ရွှင်မှုများစွာ ကြည်နူးမှုများစွာ၊အာင်မြင်မှုများစွာနဲ့....
ဖြတ်သန်းနိုင်ပါစေ....
ဟေ့ သူငယ်ချင်း
နှင်းပွင့်တွေရဲ့ အေးမြခြင်းတွေက သူငယ်ချင်းရင်ထဲ သက်ဆင်းပါစေ ...
လှပတဲ့ ဒီဇင်ဘာရဲ့ အငွေ့အသက်တွေရဲ့ ပျော်ရွှင်စေမှုဟာ သူငယ်ချင်းရဲ့ ဘ၀ထဲ ပျော်ဝင်စီးဆင်းပါစေလို့ ... အကြိမ်ကြိမ်ဆုတောင်းရင်း ....
Happy Sweet December ပါ ...
ခင်မင်းလေးစားမှုများစွာဖြင့်
ပျော်ရွှင်ပါစေ
ခံစားသွားတယ်။ နယူးရီးယားလာတော့မယ်။
နှင်းဖွေးဖွေးနဲ့ ချမ်းအေးလွန်းတဲ့ ဒီဇင်ဘာ
မေ့မရနိုင်တာတွေ စုနေတဲ့ ဒီဇင်ဘာ
အမှတ်တရတွေ အများကြီးထားသွားတဲ့ ဒီဇင်ဘာ
ကိုယ်ကိုယ်တိုင်လည်း သိပ်ချစ်ရတဲ့ ဒီဇင်ဘာ
ကျန်ရစ်ခဲ့ပြီဖြစ်တဲ့ နှောင်းအတိတ် ဒီဇင်ဘာကို
ထားရစ်ပြီး
နှစ်သစ်ဒီဇင်ဘာနဲ့ အပျော်တွေ လွှမ်းခြုံနိုင်ပါစေ
http://winzaw-mdy.blogspot.com/
မ..
ဒီနှစ် ဒီဇင်ဘာမှာတော့ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်..
နှစ်လိုဖွယ်ကောင်းသောဒီဇင်ဘာဖြစ်ပါစေခင်ဗျာ..
မိုးကြယ်
ကောင်းလိုက်တဲ့ကဗျာလေးပါ
ခံစားချက်တွေတိုက်ဆိုင်လို့နေမှာ
Post a Comment