Sunday, December 28, 2008

Don't we all need someone who understands ???

စတိုးဆိုင်တစ်ခုရှေ့မှာ "ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်" ဆိုတဲ့စာတန်းလေးတစ်ခုကို တွေ့တော့ ကလေးလေးတစ်ယောက်က ဆိုင်ရှင်ကို အဲ့ဒီခွေးလေးတွေကို ဘယ်ဈေးနဲ့ရောင်းတာလဲ လို့မေးတယ်။ ဆိုင်ရှင်က ဒေါ်လာ ၃၀ ကနေ ၅၀ အတွင်း အမျိုးမျိုးရှိတယ်လို့ ပြောလိုက်တယ် ... အဲ့ဒီတော့ ကောင်လေးက သူ့အိတ်ကပ်လေးထဲမှာ ပါတဲ့ ၂ ဒေါ်လာနဲ့ အကြွေစေ့ကလေး အနည်းငယ်ထုတ်ပြီး ငါ သူတို့ကို ကြည့်ရုံပဲကြည့်ပါရစေလို့ ခွင့်တောင်းတယ်။ အဲ့ဒီအခါ ဆိုင်ရှင်က ပြုံးပြပြီး လေလေးတချက်ချွန်လိုက်တော့ အတွင်းခန်းက အမျိုးသမီး တစ်ယောက်က ခွေးပေါက်စလေးတွေနဲ့ အတူ ထွက်လာတယ်။ အဲ့ဒီအထဲမှာမှ ခွေးသေးသေးလေးတစ်ကောင်က ဟိုးအနောက်နားကနေ ဖြေးဖြေးချင်း ကပ်ပါလာတယ်။ ကောင်လေးက အဲ့ဒီခွေးလေးကို တချက်လှမ်းကြည့်ပြီး ခွေးလေးက ဘာများ ဖြစ်လို့လဲလို့ ဆိုင်ရှင်ကို မေးတော့ ဆိုင်ရှင်က ...

" သူက မွေးကတည်းက တင်ပဆုံရိုးတဘက်ချွတ်ယွင်းလာတော့ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး။ သူ့တသက်လုံး အဲ့ဒီလိုပဲ ဒုက္ခိတ ဖြစ်နေမယ်လို့ ဆရာဝန်ကပြောတယ် " တဲ့။

အဲ့ဒီတော့ ကောင်လေးက တော်တော်လေး စိတ်ဝင်စားသွားပြီး ငါ သူ့ကို ၀ယ်လို့ရမလားလို့ မေးလိုက်တော့ ဆိုင်ရှင်က "မင်း ၀ယ်စရာ မလိုပါဘူး။ သူက ငါတို့အတွက်လဲ ဘာမှမှ အသုံးမ၀င်တာ။ မင်းလိုချင်ရင် ငါ အလကားပေးလိုက်ပါ့မယ်" လို့ပြောတော့ ကောင်လေးက စိတ်မကောင်းဖြစ်စွာနဲ့ ဆိုင်ရှင်ကို လှမ်းကြည့်ပြီးပြောလိုက်တယ် ။

"မင်း သူ့ကို အလကားပေးစရာမလိုပါဘူး။ သူ့မှာလဲ တခြားခွေးလေးတွေလို တန်ဖိုးတစ်ခုရှိတယ်။ ငါ သူ့ကို တခြားခွေးလေးတွေလိုပဲ တန်ရာတန်ကြေးပေးပြီး ၀ယ်မှာပါ။ အခုလောလောဆယ် ဒီပိုက်ဆံကို မင်းယူထားလိုက်ပါ။ နောက်ပြီး လတိုင်း ငါ 50 cent ဆီ ပေးသွားပါ့မယ်။ မင်းသတ်မှတ်ထားတဲ့ တန်ဖိုးတစ်ခုကျေတဲ့အထိပေါ့ " လို့ ပြောလိုက်တော့ ..ဆိုင်ရှင်က ..

" တပြားမှပေးစရာမလိုဘူးလို့ မင်းကိုပြောနေတာ။ သူက တခြားခွေးလေးတွေလိုလဲ မပြေးနိုင်ဘူး။ မင်းနဲ့လဲ အတူတူကစားနိုင်မှာ မဟုတ်ဘူးဆိုတာ မင်းသိရဲ့လား" လို့ ထပ်ပြောတော့ .. ကောင်လေးက ... သူ့ ဘောင်းဘီရှည်လေးကို မ' ပြီး စတီးရိုးတပ်ထားတဲ့ ခြေထောက်တစ်ဘက်ကို ပြလိုက်တယ် .. ပြီးတော့ ဆိုင်ရှင်ကို ....

" ငါလည်း သူ့လိုပဲ မပြေးနိုင်ပါဘူး။ အနည်းဆုံးတော့ ဒီခွေးလေးမှာ သူနဲ့ဘ၀တူ သူ့ကိုစာနာနားလည်ပေးမဲ့ အဖော်တစ်ယောက် ရှိသွားသလို ငါ့အတွက်လဲ အတူတူပဲပေါ့" လို့ ပြန်ပြောလိုက်တယ် ...

Don't we all need someone who understands?

(လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ၊ သူ့စွမ်းဆောင်မှုနဲ့သူ တန်ဖိုးတစ်ခုစီရှိကြစမြဲပါ။ သာမန်ပဲဖြစ်ဖြစ်၊ ဒုက္ခိတပဲဖြစ်ဖြစ် လူလူချင်း လေးစားမှုရှိဖို့ အရေးကြီးပါတယ်။ Self-Inferiority ဖြစ်နေသူကို ပိုပြီး စိတ်ဓါတ်မြှင့်တင်ပေးဖို့ လိုပါတယ်)

by ... DecemberCinderella

1 comment:

winlatt said...

သနားစရာလေးတွေ
ဂရုဏာ စာလေးတွေလဲ
အင်မတန်မှ အရေးကောင်းသူလေးပါဘဲ..
စာကောင်းလေးတွေ မျှော်လင့်ပါတယ်....။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */