Sunday, December 14, 2008

လျှော့ချင်းလျှော့ Foreigners ကို လျှော့တဲ့ (Retrench Foreigners First !)



ဒီအကြောင်းကို ဖတ်မိတာကြာပါပြီ။ အရင်တပတ် သောကြာနေ့ကတည်းက။ ရေးမယ်နဲ့ ရေးမယ်နဲ့မရေးဖြစ်တာ။ မနေ့က မြန်မာပြည်က သူငယ်ချင်းတစ်ယောက်နဲ့ online မှာ တွေ့တော့ သူက နောက်နှစ် မေမှာ လာဖို့စီစဉ် ထားတယ် ..အလုပ်အခြေအနေ ဘယ်လိုလဲလို့ မေးတာနဲ့ ဒါကို ပြန်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။

အခု Recession ကြောင့် မြန်မာပြည်ကို ပြန်ရသူတွေ၊ ဒီမှာကျန်နေဆဲလူတွေ … အခြေအနေတွေက ရှုပ်ထွေး လွန်းပါတယ်။ ပြောရလဲခက်တယ်။ ဒီမှာ ကျန်နေတာ သိပ်တော်လွန်းလို့ မဟုတ်သလို၊ ပြန်ရတာလဲ အလုပ် လုပ်တာ ညံ့လို့ မဟုတ်တာလဲ အသေအချာပါပဲ ။ ကံနဲ့လဲ ဆိုင်တယ်။

ဒါပေမဲ့ အဲ့ဒီနေ့က Strait Times မှာတော့ ဒီစကားလုံးကို သံုံးထားတယ် ..Rank-and-file workers တဲ့ ။။ လျှော့ချင်းလျှော့ Foreigners ကို လျှော့ပါမယ်။ အဲ့ဒီထဲမှာ Ordinary Workers တွေကို စလျှော့ပါမယ်တဲ့ ။ ကိုယ်တောင် အဲ့ဒါကို ဖတ်ပြီး ဘာမှမဟုတ်တဲ့ ရိုးရိုးသိပံ္ပဘွဲ့လေးကိုမြင်ယောင်ပြီး နည်းနည်းအားငယ်သလိုလို ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ကိုယ်လဲ Rank-and-file ပဲ။

မဟုတ်ပါဘူး ..နောက်တာပါ။ အားမငယ်ပါနဲ့။ အဖြေတစ်ခုတော့ရှိရမှာပေါ့။ Rank-and-file ကို စလျှော့မယ်ဆိုရင် ကိုယ်ဟာ rank-and-file ဆိုတဲ့ အနေအထားမဟုတ်ကြောင်း ပိုကြိုးစားပြရမှာပေါ့။

ဒီမှာ အလုပ်စလုပ်ပြီဆိုကတည်းက သူတို့နဲ့ မယှဉ်သာတဲ့ အချက်တွေက အများကြီးပါ။ အင်္ဂလိပ်စကားကို (File) ကို ဖားလ် လိုလို၊ (Double) ကို ဒါဘဲလ် လိုလိုနဲ့ Pronunciation လွဲတာလေးတွေသာ ရှိရင်ရှိမယ်။စကားပြောရင် Sentence ရှေ့မှာ ဘာအဓိပ္ပါယ်မှန်းမသိ “May Be” ထည့်ထည့်ပြောတတ်တာလေးတွေကို ကိုယ်လဲ နောက်တော့ အကျင့်ပါသွားတာ မျိုးတွေ ရှိရင်ရှိမယ်။ မွေးကတည်းက အာသွက်လျှာသွက်ပြောလာတဲ့ သူတို့နဲ့ ကျွန်မတို့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ဒါတောင် ကိုယ်က ငယ်ငယ်ကတည်းက အင်္ဂလိပ်စာ၊ စကားကို ဘယ်နေရာမှာ ဘယ်သူ့ရှေ့မှာ ပြောရပြောရ ရှက်တတ်ခဲ့သူမဟုတ်ဘူး။ အသံထွက်မှားလို့ ပြင်ပေးသူကို ကျေးဇူးတင်တယ်။ ကိုယ့်ကို အင်္ဂလိပ်လို ပြန်ပြောသူကို လေးစားတယ်။ (ဘိုရူး လို့ တခါမှ လှောင်ပြောင်ချင်စိတ် မရှိခဲ့ဘူး။ ကြိုးစားမှုကို အသိအမှတ်ပြုခဲ့တယ်။ Chatting မှာ Myanglish တွေသုံးရင် မုန်းတယ်။ မတတ်ရင် မြန်မာလိုပဲရေးစေချင်တယ်။ Myanglish တွေကို စာလုံးပေါင်းရတာ ခေါင်းကိုက်လို့။)

ပြောချင်တာက.... ကိုယ် ဘယ်အလုပ်ကိုပဲ ဘယ်လိုင်းမှာပဲလျှောက်လျှောက် Basic Necessity အနေနဲ့ သူတို့နဲ့ တန်းတူ well-Communicate လုပ်နိုင်ဖို့အရေးကြီးပါတယ်။ ကိုယ်က မြန်မာပြည်မှာတုံးက ကိုယ့် Profession နဲ့ကိုယ် အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်ခဲ့ဖူးမယ်။ ဒီရောက်မှ ကိုယ်နဲ့ဆိုင်တဲ့ Topic လေးကို ဆွေးနွေးဖို့တောင် English ကို ရဲရဲမပြောဆိုဝံ့တဲ့သူတစ်ယောက်ဖြစ်နေရင် ...ကိုယ်ရဲ့ အရည်အချင်းကို သူတို့ သိအောင် ဘယ်လိုပြောမလဲ။ Meeting တွေမှာ Discussion ဆိုရင် ကိုယ့်ရဲ့ Point of View ကို ဘယ်လိုတင်ပြ မှာလဲ။ ဘာစကားနဲ့လဲ။

Communication က အရေးကြီးတယ်ဆိုလိုလဲ ငါက BC မှာ ဘာလက်မှတ်ရထားတာ၊ USIS မှာ ဘာနဲ့ပြီး ထားတာဆိုပြီး ကိုယ့်ရဲ့ ဘွဲ့နဲ့၊ ကိုယ့်အတွေ့အကြုံနဲ့ မကိုက်တဲ့ အလုပ်တွေကို ရမ်းသန်းလုပ်ဖို့လဲ စိတ်မကူး ပါနဲ့ဦး။ အခု MOM မှာ Pass ကို တော်တော်ကျပ်နေပါတယ်။ ဘွဲ့နဲ့ အတွေ့အကြုံနဲ့ အလုပ်ရာထူးနဲ့ မကိုက်ရင် Pass ချမပေးပါဘူး။

ဘယ်သူတွေဘယ်လိုတားတား ကြိုးစားကြည့်ချင်သေးတယ်ဆိုလဲ လာပါ။ ဒါပေမဲ့ ပထမဦးစွာ စတင်ကုန်မှာ ဖြစ်တဲ့ လေယာဉ်လက်မှတ် အနည်းဆုံး USD 500၊ အခန်းငှားခ SGD 300 ( share with others)၊ Meal SGD 100 ( max: if you cook urself)၊ MRT & Phone – SGD 200 ( At least) …အဲ့ဒီလိုလေးတွေသုံးဖို့ကို အိမ်က ထောက်ပံ့နိုင်ရင် ( အတိုးနဲ့ ပိုက်ဆံချေးလာရတာမျိုး မဟုတ်ဘူးဆိုရင်) Job Hunting ကို ကြိုးစားကြည့်ပါ။ Trying is no harm လေ။

အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ Economic Crisis ကို Worldwide ရင်ဆိုင်နေရတဲ့ အခုလို အချိန်မျိုးမှာ တတ်နိုင်သလောက် ( ကိုယ့်နိုင်ငံမှာပဲ ကိုယ်နေပြီး) လုပ်နိုင်တာလေးတွေ လုပ်နေကြပါဦးလို့ စေတနာ အရင်းခံပြီး မှာချင်ပါတယ်။

ကျွန်မတို့လဲ နေသာနေနေရတာ။ ကိုယ့်နိုင်ငံမှာ ဘယ်လိုမှမရနိုင်တဲ့ဝင်ငွေတစ်ခုကြောင့်သာ စက်ရုပ်လိုဘ၀ ကြီးထဲမှာ ကောင်းတဲ့အချက်တွေလေးကို ဦးတည်စဉ်းစားပြီး ကိုယ့်ကိုကိုယ် မနည်း ပျော်အောင်ထားနေတာပါ။
(ရိုးရိုးသားသားဝန်ခံရရင် ကိုယ်က မြန်မာပြည်မှာတုံးက NGO မှာ လုပ်ခဲ့ပြီး ထိုက်သင့်သလောက်ဝင်ငွေ ကောင်းခဲ့သူပါ။ ကိုယ့် လူမျိုးတွေအတွက်လဲ အကျိုးရှိတဲ့ စေတနာ့ဝန်ထမ်းဘ၀မှာ ကိုယ့်အလုပ်ကိုကျေနပ်ခဲ့ ဖူးသူပါ။ ဒါပေမဲ့ ..ဘ၀ကို ဒီအတိုင်းကြီး ကျေနပ်မနေသင့်သေးဘူးဆိုပြီး ဒီမှာ Int’l Experience လိုချင်တယ် ဆိုပြီး ရောက်လာတယ်။ အခုတော့ Int’l Depression မ၀င်အောင် မနည်းဖြေနေရသူပါ။

ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးဟာ “သူစိမ်းတို့ရဲ့အလယ်မှာ” ကြိုးစားရုန်းကန်ရင်း ရှင်သန်နေရသူတွေပါ။

by ...DecemberCinderella

5 comments:

Anonymous said...

ကျေးဇူးပဲနော်။ စလုံးမှာ wp reject ဖြစ်လို့ ကျောင်းလျှောက်ထားတာ စောင့်နေတဲ့ သူငယ်ချင်းကို ဒါလေးဖတ်ခိုင်းလိုက်မယ်။

Anonymous said...

ပိုစ့်ကလေးက သိပ်ရည်ရွယ်ချက်ကောင်းတယ်ဗျာ
ပြောပြသင့်ပါတယ် အမဆင့်ရေ ...
တစ်ချို့က နိုင်ငံခြားရောက်တာနဲ့ အဆင်ပြေနေတယ်၊ ကောင်းစားနေတယ်လို့ လှေနံဓါးထစ်မှတ်ယူတတ်ကြတယ်၊ သူတစ်ပါးနိုင်ငံနဲ့ လူမျိုးခြားမြေမှာ ရုန်းကန်ရတာ အင်မတန်ကိုပဲ မလွယ်လှပါဘူး၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ကိုင်နေတဲ့ လူတိုင်းမှာ ဖိစီးနေတာတစ်ခုခုကတော့ ရှိနေတတ်စမြဲပါ၊ အဆင်ပြေတဲ့ လူတွေသတင်းကပိုမွှေးလေတော့ အဆင်မပြေပဲ တပ်ခေါက်ပြန်သွားရတဲ့သူတွေ၊ အခက်အခဲအကျဉ်းအကျပ်ထဲ ရောက်နေတဲ့သူတွေရဲ့ အဖြစ်တွေကလည်း တစ်ပုံကြီးပါ၊ အမ ပြောသလို အရည်အချင်းပေါ်မှာလည်း လုံးဝကြီး မူမတည်သလို ကံပေါ်မှာလည်း ပြန်ဆိုင်နေပါတယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတော့ လူတိုင်းက ကြိုးစားနေကြတာပါပဲ၊ အခုအချိန်ကတော့ တကယ့် On the margin ပါပဲ၊ ပြောမရဘူးလေ ... ကျွန်တော်တို့လည်း အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကို ပြင်ဆင်ထားနေကြရတယ်ဗျာ... စိတ်ဓါတ်ကတော့ မကျဖို့ အဓိက တိုက်တွန်းပေးပါအမရေ၊ အဲဒါက အဓိက အကျဆုံးပါပဲဗျာ ...။ အမရဲ့ အခုပိုစ့်လေးအတွက် အထူးကျေးဇူးပါ အမရေ ...။

အားလုံးအဆင်ပြေကြပါစေ

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ရေးထားတာလေးကဒီကိုလာချင်နေကြတဲ့မြန်မာတွေအတွက်သိထားရမယ့်အကြောင်းအရာတွေမို့ကောင်းတယ်ဗျာ.. ဒီမှာနောက်နှစ် ၃ လ ပိုင်းအတွင်း ပိုဆိုးလာနိုင်တယ်လို့ထင်တယ်ညီမရေ..
အိမ်မက်ရှင်ပြောသလိုပဲ စိတ်ဓါတ်တော့မကျနဲ့..
အရည်အချင်းရှိရဲ့သားနဲ့ကံမကောင်းလို့ခုအချိန်မှာလက်ရှိကနေလက်မဲ့ဖြစ်ပြီးတပ်ခေါက်ပြန်သွားရတဲ့သူတွေလဲအများကြီးပဲ..
အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကို ပြင်ဆင်ထားကြရမှာပဲ..

Anonymous said...

စင်ဒရဲလားရေ--
ကျေးဇူးတင်စကားလာပြောရင်း ပိုစ့်လေးကို
ဖတ်ပါတယ်--
ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးဟာ “သူစိမ်းတို့ရဲ့အလယ်မှာ” ကြိုးစားရုန်းကန်ရင်း ရှင်သန်နေရသူတွေပါ။
ဆိုတဲ့ စာသားလေးကိုဖတ်ရတော့ ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရတယ်---

Anonymous said...

ဒါသဘာဝပါပဲဗျာ ဥပမာပေါ့ သူများအိမ်မှာသွား
နေတဲ့အခါမှာပေါ့ အိမ်ရှင်စီးပွားရေးမကောင်းရင်
ဘယ်လိုဖြစ်တတ်သလဲ ဒီသဘောပါပဲဗျာ။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */