Thursday, December 25, 2008

ကျွန်မနှင့် Mickey လေးအကြောင်း

ဒါ မနေ့က ရုံးက Christmas’s Eve Gift Exchange Programme မှာ ရခဲ့တဲ့ Mickey & Minnie လက်ဆောင်လေးပေါ့ ..

အရင်တုံးက Hello Kitty ကိုပဲ နှစ်သက်စွဲလန်းခဲ့တဲ့ ကျွန်မက အခုတော့ ( ချစ်သူလေးက ရှေ့သွားကြီးကြီးလေးတွေနဲ့ Mickey လေးနဲ့ တူတယ်ဆိုပြီး ) Mickey Mouse အရုပ်ကလေးတွေကို ငေးမိရာကနေ သဘောကျနှစ်ခြိုက်လာတယ်။

အဲ့ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရုံးက လက်ဆောင်လဲပွဲမှာ ကိုယ်နဲ့ လဲရမဲ့သူဆီကို SMS ပို့ပြီး ကိုယ်ဘာကြိုက်တယ်ဆိုတာ တောင်းဆိုခွင့်ရှိတဲ့ ကျွန်မတို့ရုံးရဲ့ ထူးခြားတဲ့ အစီအစဉ် တစ်ခုထဲမှာ ကျွန်မ ပထမဆုံးကြုံရလေတော့ ကျွန်မနဲ့ ကျတဲ့ Sales Executive ကောင်လေးကို ငါ့ကို Mickey Mouse ၀ယ်ပေးပါလို့ ပြောလိုက်တယ်။

ပြောပြီးမှ “ဒုက္ခပဲ ..ငါ့ကို ဒီအရွယ်ကြီးကျမှ ကလေးကလားလို့ ထင်တော့မှာပဲ” လို့ ပြန်တွေးမိပြီး ရှက်သလိုလို ဖြစ်သွားတယ်။ နောက် ရုံးက ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့ တစ်ယောက်ကို ဖွင်ပြောတော့ သူက “ ဒါဖြင့် နင့်ကောင်လေးက Mickey ..နင်က Kitty ပေါ့” တဲ့ … ကျွန်မတို့နှစ်ယောက် ခဏခဏ စကားများတာကို သိနေတဲ့ သူက “သြော် .. ဒါကြောင့် Kitty ကြီးက Mickey လေးကို စားနေတာကိုး” ….တဲ့ ။

သူ့စကားကြားတော့ ကျွန်မက ရယ်ပြီး “ ဘယ်ကလာ ..ငါတို့က Tom & Jerry ..သူက Jerry လေ .. အဲ့တော့ ငါ့ကို သူ ဘယ်လို လှည့်ဖြားသလဲ၊ ဘယ်လို ကလိမ်ကကျစ်ကျသလဲ၊ ဘယ်လို ဆော့ကစားနေလဲဆိုတာ ..နင်တွေးကြည့်ပေါ့” လို့ ပြန်ပြောတော့ သူကလဲ ရယ်နေတယ်။

ဟုတ်တယ် .. ကျွန်မရဲ့ Mickey လေးက အရမ်းဆိုးတယ်။ online မှာ ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ ကျွန်မတို့နှစ်ယောက် အရမ်းချစ်ကြတယ်။ ကျွန်မကို online မှာ မမြင်ရရင် SMS တောက်လျှောက်ပို့ပြီး လှမ်း Check နေတော့ ကျွန်မက သူ့ကို နောက်တယ်။ “ FBI က Mickey လေး .. ကျွန်မကို အမြဲစစ်ဆေး” လို့ .. e.mail နဲ့စာပို့ရင်လဲ ရှည်ရှည်ရေးရတယ်။ မဟုတ်ရင်လဲ ဒရင်ကောက်လေးက ကောက်လို့မဆုံး။ ကျွန်မက ဆံပင်ကောက်၊ သူက စိတ်ကောက်တယ်။

တခါတခါကျတော့ ကျွန်မက အဲ့ဒီလောက် ရှည်ရှည်လျားလျားတွေ ဖတ်ချင်ရင် “နင်ကိုယ်တိုင် ဖန်တီးပေးထားတဲ့ blog လေးထဲမှာ ငါ့စာတွေအများကြီး ရှိတာပဲ။ သွားဖတ်ပေါ့” လို့ပြောတော့ “ဖတ်ပါဘူး ။ မောင့်အကြောင်းရေးထားတာမှမဟုတ်တာ” တဲ့ ….

ကဲ ... ကြည့် .. ဘယ်လောက် ကလေးဆန်လဲဆိုတော့ .. အရင်တုံးကတော့ ဒီ post တွေပဲ လာဖတ်ရာကနေ သဘောကျလှချည်ရဲ့ဆိုပြီး .. ချစ်သူတွေဖြစ်ခဲ့ပြီးမှ ..

အဲ့ဒါပြောတာပေါ့ ..ယောက်ျားလေးတွေများ အမျိုးမျိုးမပြောတတ်ပါဘူး။ (၂) မျိုးပဲ ပြောတယ်။ ချစ်သူမဖြစ်ခင်က တမျိုး၊ ချစ်သူတွေဖြစ်သွားတော့ တမျိုး …

ခက်တာပဲ .. ကျွန်မကလဲ အဲ့ဒီလို (၂)မျိုးပဲ ပြောတတ်တဲ့ Mickey လေးကိုပဲ ချစ်နေတုံး …

by ..DecemberCinderella

( for my little Mickey ....)

6 comments:

Anonymous said...

Mickey .. Kitty , Tom & Jerry အင်လေ..
အမတော်တို့ကခေတ်ဆန်တာကိုး...
အနော်တို့ကဗိုလ်အောင်ဒင် & မမြဝင်း ...

Anonymous said...

ချစ်နိုင်ကြပါစေဗျာ...

Anonymous said...

Mickey လေးနဲ့ ထာဝရလက်တွဲနိုင်ပြီး ပျော်ရွှင်ပါစေဗျာ ...။

Anonymous said...

အမယ်။ မိန်းကလေးတွေလည်း နှစ်မျိုးပြောတတ်တာခြင်း အတူတူပါပဲ။

Anonymous said...

နှစ်မျိုးမက ပြောတတ်တဲ့ မိန်းကလေး
တစ်ယောက်ကို လတ်တလောမှာ
တွေ့နေရတယ် အစ်မရေ့..
အဆင်ပြေ
ပျော်ရွှင်နိုင်ပါစေ။

http://winzaw-mdy.blogspot.com

Anonymous said...

ပြောလဲပြောစရာပဲ ကလေးမဟုတ်သူငယ်
မဟုတ် ဒါမှမဟုတ် သူငယ်ပြန်နေလားတော့ မသိဘူး။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */