Saturday, December 13, 2008

Women are Smart !!!!

အမျိုးသမီးတစ်ယောက် ကားမောင်းအရှိန်မြင့်မှုနဲ့ အစစ်ဆေးခံရတယ် ..

Officer: ခင်ဗျား ကားမောင်းတာ အရှိန်အရမ်းများနေပါတယ်. ..ကျေးဇူးပြုပြီး ခင်ဗျားလိုင်စင်လေးပြပါ။
Woman: အို ..ဟုတ်လား ..ကျွန်မမှာ လိုင်စင်ရှိခဲ့ရင်တော့ ပြနိုင်ပါရဲ့ရှင်။
Officer: လိုင်စင်က ဘယ်ရောက်သွားလို့လဲ။
Woman: လွန်ခဲ့တဲ့ လေးနှစ်ကတည်းက အရက်သောက်ပြီးမောင်းလို့ အသိမ်းခံလိုက်ရတယ်။
Officer: အဲ့ဒါဆို ကားလိုင်စင်လေးတဆိတ်လောက်။
Woman: ဒါလဲ ကျွန်မ တတ်နိုင်မယ်မထင်ဘူး။
Officer: ဘာဖြစ်လို့လဲ။
Woman: ဒီကားကို ကျွန်မ ခိုးလာမိလို့ပါ။ ပိုင်ရှင်ကိုတော့ သတ်လိုက်မိတယ်…
Officer: ခင်ဗျား ……….ဘာလုပ်လိုက်တယ် …
Woman: သူ့ကိုယ်ကိုတော့ အပိုင်းပိုင်းခုတ်ထစ်ပြီး ကားနောက်ခန်းမှာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်လာတယ် … တကယ်လို့များ ကြည့်ချင်တယ်ဆိုရင် …

Officer:
(မသိမသာ တဖြည်းဖြည်းနောက်ဆုတ်ပြီး သူ့ကားနားကို ပြန်ရောက်အသွားမှာ အကူအညီလှမ်းခေါ်လိုက်တော့ ငါးမိနစ်အတွင်းမှာ ရဲကား ငါးစီးရောက်လာပြီး အမျိုးသမီးရဲ့ ကားကို ၀ိုင်းလိုက်တယ်)
ရဲကားတစ်စီးပေါ်က Officer တစ်ယောက် အမျိုးသမီးကို သေနတ်နဲ့ချိန်ထားပြီး သူ့ကားနား မလှမ်းမကမ်းကနေ ပြောတယ် ….

Officer: မဒမ် ..ကျေးဇူးပြုပြီး ကားထဲကနေ အပြင်ထွက်ခဲ့ပေးပါ။
Woman: ( ကားပေါ်ကဆင်းလာရင်း) ပြဿနာတစ်ခုခုရှိလို့လား Officer …
Officer: ငါရဲ့ ၀န်ထမ်းတစ်ယောက်အကြောင်းကြားတယ်။ မင်း ဒီကားကို ခိုးလာပြီး ပိုင်ရှင်ကိုသတ်ခဲ့တယ်တဲ့။
Woman: ကျွန်မက …ပိုင်ရှင်ကို သတ်ခဲ့တယ် …ဟုတ်လား ....
Officer: မင်းရဲ့ ကားနောက်ဖုံးလေးဖွင့်ပြပါ။
(အမျိုးသမီး ကားနောက်ဖုံးဖွင့်ပြလိုက်တယ်…ဘာမှမရှိဘူး ..)

Officer: ဒါ ဘယ်သူ့ကားလဲ ..
Woman: ကျွန်မကားပေါ့ရှင် ..ဒီမှာလေ လိုင်စင်နဲ့ စာရွက်စာတမ်းတွေ …
(ရဲအရာရှိ ခဏမှင်တက်မိသွားတယ် ..)

Officer: ငါ့ဝန်ထမ်းကပြောတယ်။ မင်းမှာ ကားမောင်းလိုင်စင်လဲ မရှိဘူးတဲ့ ..
(အမျိုးသမီးက သူ့အိတ်ထဲက လိုင်စင်ထုတ်ပြလိုက်တော့ အရာရှိက တော်တော်တွေဝေသွားတယ် …)

Officer: ကျေးဇူးတင်ပါတယ်။ ငါ့ဝန်ထမ်းက မင်းမှာ ကားမောင်းလိုင်စင်လဲမရှိဘူး။ ကားလိုင်စင်နဲ့ အထောက်အထားလဲ မပြနိုင်ဘူး။ ဒီကားကိုလဲ ခိုးလာပြီး ပိုင်ရှင်ကို အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်လာခဲ့တယ် လို့ အကြောင်းကြားလို့ပါ။

Woman: အဲ့ဒီ အလိမ်အညာကောင်က ကျွန်မ ကားကိုအမြန်မောင်းလာတယ်လို့လဲ ထည့်ပြောလိုက်သေးတယ်မို့လား …

(MORAL OF THE STORY: Women are smart.)

Ref: 1 of the incoming mails from 1 of my friends ..

5 comments:

Anonymous said...

သြော် မိန်းမ . မိန်းမ

Anonymous said...

လည်မ လည်မ ... အဲလေ မိန်းမ မိန်းမ ... ။

Anonymous said...

Yeah, women are smart. That's why I am bullied.

Anonymous said...

ဟား
ဟားဟား
ဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟားဟား
ဟားဟားဟားဟားဟားဟား
ဟားဟားဟားဟားဟားဟားဟား
ဟားဟားဟားဟားဟားဟားဟားဟား
ဟားဟားဟားဟားဟားဟားဟားဟားဟား

Anonymous said...

အမ်.... မိန်းမမာယာသဲကိုဖျာ လုပ်လိုက်တာပေါ့လေ။ ယုံပါတယ်ဗျာ မိန်းမတွေ
ဥဏ်များတာတော့ မပြောချင်တော့ပါဘူး။
အံ့သြစရာတွေပါပဲ

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */