ဘာတွေလဲ
ခြေရာတွေ လာမရှုပ်နဲ့
ဘာမဟုတ်တဲ့ မပြည့်ဝမှုတွေကို
အပိုတွေဖြေရှင်းချက်ထုတ်ဖို့
ငါရပ်တည်နေတာမဟုတ်ဘူး
တစ်ခုပဲပြောလိုက်မယ်
အရူးအပေါ အထာတွေနဲ့
ငါ့မြေမှာ ခြေလာချဖို့
မပြည့်ဝသူတွေကို ဖိတ်ခေါ်မထားဘူး ။
ခပ်ချော်ချော်အတွေးတွေအတွက်
သိတတ်ရင် နောက်ပြန်လှည့်
ငါ့ဘက်ကတော့
တန်ဖိုးရှိတဲ့စာပေကို
ဝါသနာအမွေနဲ့ ဖန်တီးထားတာ
အရေအတွက်များဖို့ မဟုတ်ဘူး
Comment တွေ စည်ကားဖို့မဟုတ်ဘူး ။။
ဝါသနာတူချင်းမို့
မေတ္တာရှေ့ထား မှာကြားပါရစေ
ဆိုလိုရင်းကို မခံစားတတ်ရင်
ထင်မြင်ချက်တွေမပေးပါနဲ့
ခြေရာတွေလဲ မချန်ပါနဲ့
ငါ့ကမ္ဘာအတွက် ကြေငြာချက်မလိုပါဘူး
စိတ်ဓါတ်ပြည့်ဝစွာ ခံယူတတ်ဖို့ပဲလိုတယ် ။။။
သူငယ်ချင်း ...
တကယ်လို့များ မင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရင်
တိတ်တိတ်လေးပဲ ပြန်သွားစေချင်တယ် ။။။။
by ..DecemberCinderella
(Ref: နည်းမှန်လမ်းမှန်ရှင်သန်ဖို့/ ဆောင်းပါး)
Thursday, January 22, 2009
ကာရံမဲ့ ရှင်သန်ခြင်း
Subscribe to:
Post Comments (Atom)
6 comments:
အင်....... ဟုတ်ပါ့။ ဟိပေါ်တင်ကြီးကိုဖဲ့တာပဲနော် သတ္တိတော့
လေးစားတယ်ဗျာ။ ဒါပေမဲ့ တခုတော့ရှိတယ်ဗျ စာရေးသူပေးချင်တဲ့ မက်ဆေ့ နဲ့စာဖတ်သူရလိုက်တဲ့ အသိဟာ
ကွာခြားသွားတော့ ကွန်မန့်မှာ တလွဲတွေရေးမိတာလဲရှိတတ်တယ်
ဗျ။
ကဗျာထဲမှာလဲ သေချာပြောထားပါတယ်။
ကျွန်မလဲ Blogs တော်တော်များများ (တခါတလေ) အလည်ရောက်ဖြစ်ပါတယ်။
စာရေးသူပေးချင်တဲ့ Message ကို ကိုယ်နားမလည်ခဲ့ရင် comment မရေးပါဘူး။
သဘောမကျရင် ဘာခြေရာမှ မချန်ခဲ့ဘူး။
နောက်တခေါက်ထပ်မသွားဘူးပေါ့ ။ ကုန်သွားတဲ့ အချိန်တွေ နှမြောလို့ပါ။
ဘယ်သူ့အချိန်မှလဲ ကျွန်မ မယူခဲ့ပါဘူး။
လာလည်သူအပေါင်းကို ရင်ဝ ဆီးကန်တာမဟုတ်ဘူး။
ဲJust for fun ဆိုပေမဲ့ ကုန်သွားတဲ့ အချိန်ကလေးအတွက် ကုန်ရကျိုး နပ်စေချင်တယ်။ မကျေနပ်ရင် .. ထပ်မလာပါနဲ့ ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဘာတွေဖြစ်နေကြပြန်တာတုန်း
အမရေ..ကျွန်တော်ကတော့ကဗျာကိုကဗျာလိုလည်းဖတ်ခဲ့တယ်။
ကဗျာရေးသူနေရာကနေလည်းဖတ်ခဲ့တယ်...။
မှားတာရှိခဲ့ရင်ခွင့်လွှတ်ပါ...။
ခင်မင်လျက်
နွေသူရ
ငါ့ခြေလှမ်းများ
တည့်တည့်သွားသော်
လားရာအရပ် ဖြောင့်မတ်မတ်။
ခလုပ်ကသင်း
ကွေ့ရှောင်ကွင်းရ
ဖြောင့်စင်း မရ ကွေ့ကောက်စွ။
ကွေ့သောကောက်သော
ဤလမ်းကြောဝယ်
မမောနိုင်ပါ လျှောက်မြဲသာတည့်
ငါ၏ဓိဌါန် တည်စဲမှန်သော်
ပန်းတိုင်ရောက်ရန် မနီးလော...။
ကဗျာလေးကိုသေချာဖတ်ခဲ့တယ်.အချိန်တန်ရင်နားလည်သွားမှာပါ.
ခလုပ်ကန်သင်းဆိုတာ ကြုံရစမြဲပါ.
Post a Comment