တဘ၀လုံးပေးဆပ်ပြီး ချစ်ခဲ့တာ
ဝေးရမဲ့ အဆုံးသတ်တွေအတွက်မှ မဟုတ်တာ
စတွေ့တဲ့ စာမျက်နှာတွေ
ဟိုမှာ .. တချက်လောက် ပြန်ငဲ့ကြည့်လိုက်ပါ ..
Chatting Phobia
ခံစားဖူးတဲ့ ဒီကောင်မလေးလေ ..
မျက်ဝန်းတစ်စုံက အကြည့်တချက်နဲ့တင်
အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ခဲ့သူပါ။
ရင်ခွင်တစ်စုံမှာ ခိုလှုံဖို့အတွက်
အရှုံးအမြတ် ထည့်မတွက်ခဲ့သူပါ။
အင်တာနက်သံယောဇဉ်အတွက်
အပြင်ကသူငယ်ချင်းတွေကို ဆန့်ကျင်ခဲ့သူပါ။
အရင်က နာကျင်မှုတွေအတွက်
မထင်မှတ်တဲ့ ကြင်နာမှုတွေကို တန်ဖိုးထားခဲ့သူပါ ။
မမျှော်လင့်တဲ့ တွေ့ဆုံမှုအတွက်
လှည့်ကွက်မပါတဲ့ ကံကြမ္မာကို ယုံကြည်ပေးခဲ့သူပါ။
ချစ်သူလေးရေ ..
“ငါ” ဆိုတဲ့ စကားလုံးတွေ
ရေလဲသုံးပြီး ကြီးပြင်းလာသူ ဒီကောင်မလေး
အခုတော့ .. မင်းပေးတဲ့ကမ္ဘာမှာ
မာနတွေဟာ မင်းရဲ့နောက်က
အတ္တတွေဟာ မင်းရဲ့နောက်က
ဆန္ဒတွေဟာ မင်းရဲ့နောက်က
“မင်း” နဲ့မှ .. ရှင်သန်ခြင်းရဲ့အဓိပ္ပါယ် နားလည်ခဲ့သူပါ ။
by ..DecemberCinderella ( For Memory of September'6)
Monday, January 26, 2009
မင်းပေးတဲ့ကမ္ဘာ
Subscribe to:
Post Comments (Atom)
4 comments:
အွန်လိုင်း ချစ်သူလေးပေါ့နော်။ ခံစားနားလည်ပေးပါတယ်ဗျာ
ရင်ခွင်တစ်စုံမှာ ခိုလှုံဖို့အတွက်
အရှုံးအမြတ် ထည့်မတွက်ခဲ့သူပါ။
ဒီနေရာလေးကို အကြိုက်ဆုံးဘဲ.
တူနေသကိုး
ပြောတော့ပါဘူးလေ
နော်..နောက်ဆုံးတော့လည်းချစ်တဲ့လူကရှုံးပေးရတဲ့သဘောလေနော်
မဆင့်ရေ ပျော်၇ွှုင်ပါစေနော်
တိုက်ဆိုင်လို့လားမသိဘူး ဒီကဗျာလေးအရမ်းနှစ်သက်တယ်
အားပေးနေပါတယ်
Post a Comment