
တနေ့မှာ လယ်ကွင်းထဲက ကြွက်တစ်ကောင်က လယ်သမားနဲ့ သူ့မိန်းမ အထုပ်တစ်ခုဖွင့်နေတာတွေ့တာနဲ့ ဘာများလဲလို့ ချောင်းကြည့်တော့ ကြွက်ထောင်ချောက်ဖြစ်နေတယ် .. အဲ့ဒါနဲ့ သူလဲ လယ်ကွင်းပြင်ဘက် အမြန်ပြေးသွားပြီး အားလုံးကိုအော်ဟစ်သတိ ပေးလိုက်တယ် ... "လယ်သမားရဲ့ အိမ်မှာ ကြွက်ထောင်ချောက်ထားထားတယ်ဟေ့" တဲ့ ..
အဲ့ဒါကိုကြားသွားတဲ့ ကြက်ကခေါင်းထောင်ကြည့်ပြီး 'ဒါဟာ မင်းအတွက်တော့ အကြီးမားဆုံးစိုးရိမ်စရာဖြစ်ကောင်းဖြစ်မယ်၊ ငါ့အတွက်တော့ ဘာမှ မထိခိုက်ဘူးတဲ့' .. တခါ ၀က်နဲ့ နွားကလဲ "အင်း ..ဒါဟာ မင်းစိတ်ပူမယ်ဆိုရင်လဲ ပူစရာပဲ ... ဒါပေမဲ့ ငါတို့နဲ့တော့ လားလားမျှ မသက်ဆိုင်ဘူး" လို့ ကြွက်ကို ပြောလိုက်တယ် ...
အားလုံးက ငါတို့နဲ့ မဆိုင်ဘူးလို့ အငြင်းခံလိုက်ရတဲ့ ကြွက်ကလေးဟာ တချိန်ချိန်တော့ ဒီကြွက်ထောင်ချောက်ကို ငါရင်ဆိုင်တွေ့ရ မှာပဲလို့ တွေးတောပူပန်နေရှာသတဲ့။
အဲ့ဒီညမှာ ကြွက်ထောင်ချောက်ထားတဲ့ နေရာက အသံကြားတော့ လယ်သမားရဲ့ မိန်းမကထကြည့်တယ်။ ရုတ်တရက် အမှောင်ထဲမှာ ထောင်ချောက်မှာအမြှီးညှပ်မိနေတဲ့ မြွေကို သူမမြင်လိုက်ဘူး။ အဆိပ်ပြင်းသလောက် စိတ်ဆိုးဒေါသထွက်နေတဲ့ မြွေက ချက်ချင်းကိုက် လိုက်တယ်။ နောက်တစ်နေ့မှာ အပြင်းဖျားနေတဲ့ သူ့မိန်းမကို လယ်သမားက ကြက်စွပ်ပြုတ်လုပ်တိုက်ဖို့ စဉ်းစားပြီး ကြက်ကို သတ်လိုက်တယ်။ ဒါပေမဲ့ မိန်းမက မသက်သာဘူး။ နောက်ရက်တွေမှာ လူနာလာမေးတဲ့သူတွေ များသထက်များလာတော့ ဧည့်သည် တွေကို ထမင်းကျွေးဖို့ရာ ၀က်ကို သတ်လိုက်ရပြန်တယ်။
နောက်တစ်နေ့မှာတော့ လယ်သမားရဲ့ဇနီး ဆုံးသွားရှာတယ်။ ရောက်လာတဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးသင်္ဂဟတွေကို အကျွေးအမွေး စီစဉ်ဖို့ရာ လယ်သမားက နောက်ဆုံး နွားကိုပါ သတ်လိုက်ရတယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ..
When anyone of our Team Members is in Trouble, We are all at Risk !!!
ကျွန်ုပ်တို့ရဲ့ အသင်းသား၊အဖွဲ့ဝင်၊လုပ်ဖော်ကိုင်ဘက်တစ်ယောက် ဒုက္ခအန္တရာယ်နဲ့ ရင်ဆိုင်နေရတာဟာ ကျွန်ုပ်တို့အားလုံးကို ဒုက္ခဖြစ်စေ တာနဲ့ အတူတူပါပဲ ... "သူ့ပြဿနာ ..ငါနဲ့ မဆိုင်ဘူးလို့ တွေးနေဦးမှာလား"
by ...DecemberCinderella
Thursday, November 20, 2008
"သူ့ပြဿနာ ..ငါနဲ့ ဆိုင်လို့လား ???"
Subscribe to:
Post Comments (Atom)
3 comments:
အစ်မတော်က
တော်တယ်ဗျ
မလွယ်ဘူး။
သင်ခန်းစာယူသွားပါတယ်အမ...
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
သိပ်ဟုတ်တာပေါ့ သူငယ်ချင်းရယ်
အခုကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာတာနဲ့အမျှ
အားလုံးအရေးဟာ ကိုယ့်အရေး
ကိုယ့်အရေးဟာ အားလုံးအရေးဖြစ်လာတာပဲလေ ... ။
Post a Comment