တခါတုံးက ရွာကလေးတစ်ရွာမှာ ဘုန်းကြီးတစ်ပါး သီတင်းသုံးနေတယ်။ တနေ့မှာ ရွာထဲက အိမ်ထောင်မရှိသေးတဲ့ မိန်းမငယ်လေးတစ်ယောက် ကိုယ်ဝန်ရှိနေကြောင်း မိဘတွေနဲ့ ရပ်ရွာကသိသွားတော့ ကလေးအဖေဘယ်သူလဲလို့ မိန်းကလေးကို ၀ိုင်းမေးကြတယ်။ သူ့ရည်းစားကို အပြစ်ပြော ခံရမှာစိုးတဲ့ မိန်းကလေးက ကြောက်ကြောက်ရွံ့ရွံ့နဲ့ အဲ့ဒီဘုန်းကြီးကို အမည်တပ်လိုက်တယ်။
မိဘတွေနဲ့ တရွာလုံး ဒေါသအမျက်ချောင်းချောင်းထပြီး ဘုန်းကြီးကို ရစရာမရှိအောင် ပြောဆိုပြစ်တင်ကဲ့ရဲ့ကြတယ်။ အားလုံးရဲ့ ပြစ်တင်ရှုံချသံတွေနားထောင်ပြီး ဘုန်းကြီးက "အဲ့ဒီလိုလား" ဆိုတဲ့ စကားလေးတစ်ခွန်းပဲဆိုပြီး သူ့တရားသူ ဆက်မှတ်နေပါတယ်။ တချို့ကတော့ သတ်မယ်ပြုမယ်အထိ ခြိမ်းခြောက်နေကြသေးတယ်။
လအနည်းငယ်ကြာပြီး ကလေးမွေးလာတဲ့အချိန်မှာ တရွာလုံးက မိဘတွေနဲ့မိန်းကလေးကို ဒီကလေးမှာ အဖေလိုအပ်ကြောင်း၊ ကလေးအဖေမှာ ဒီကလေးအတွက် တာဝန်ရှိကြောင်း ၀ိုင်းပြောဆိုကြပြန်တယ်။ အဲ့ဒီတော့ မိဘတွေနဲ့ ရွာထဲကတချို့လူတွေ ဘုန်းကြီးဆီ သွားပြီး " ဒါ မင်းကလေးမို့ မင်းမှာတာဝန်ရှိတယ်။ သူကြီးပြင်းလာချိန်ထိ မင်းစောင့်ရှောက်ရလိမ့်မယ်" လို့ ပြောပြီး ကလေးကို ဘုန်းကြီးဆီမှာ ထားခဲ့လိုက်ကြတယ်။ ဘုန်းကြီးကတော့ သူ့ထုံးစံအတိုင်း " သြော် ..အဲ့ဒီလိုလား" လို့ ပြောပြီး ကလေးကို လက်ခံထားလိုက်တာပါပဲ။ ပြီးတော့ သူ တတ်နိုင်သလောက် ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်ထားတယ်။ သူ့နာမည်ကတော့ ပျက်ပြီးရင်းပျက်၊ ဘယ်လိုမှ အဖတ်ဆည်လို့မရအောင်ပါပဲ။
တစ်နှစ်လောက်ကြာသွားတဲ့အချိန်မှာ မိန်းကလေးဟာ သူ့ကိုယ်သူရှက်လဲရှက်၊ အပြစ်လဲတင်ရင်း သူ့ကလေးလေးကိုလဲ တွေ့ချင်လာတော့ မိဘတွေနဲ့ ရွာသူရွာသားတွေကို အဖြစ်မှန်တွေ ဖွင့်ဟ၀န်ခံလိုက်တယ်။ အဲ့ဒီအချိန်ကျမှ တရွာလုံးက ဘုန်းကြီးအပေါ် ပစ်မှားမိတာ ရှက်စိတ်နဲ့ နောင်တရမဆုံးပေါ့။
တရွာလုံး ဘုန်းကြီးဆီကိုသွားပြီး ၀န်ချကန်တော့တောင်းပန်ရင်း အပြစ်တွေကိုလဲ ခွင့်လွှတ်ပေးဖို့တောင်းဆိုကြတယ်။ ဘုန်းကြီးကတော့ သူပြောနေကြအတိုင်း " သြော် ..ဒီလိုလား" ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ ကလေးကို ပြန်ပေးလိုက်ပါတယ်။
( ဒါလဲ ဖတ်ပြီးရော Post တင်ရလောက်အောင်လဲ ဘာမှ ထူးထူးခြားခြားမရှိပါဘူး။ ရိုးရိုးလေးပါပဲ လို့ ထင်လိုက်ပေမဲ့ နောက်ဆုံးမှာ ဆက်ပြောထားတဲ့ ဒီစာကြောင်းလေးကို သဘောကျလို့ ..)
When you are right, one thousand angels swearing that you are wrong does not matter. But, when you are wrong, ten thousand angels swearing that you are right will not make any difference.
သင် မှန်နေတဲ့အချိန်မှာ လူအယောက်တစ်ထောင်က ၀ိုင်းပြီး မှားတယ်ပြောလဲ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ .... သင်မှားနေတဲ့အချိန်မှာတော့ .. အယောက်တစ်သောင်းက ၀ိုင်းပြီး မှန်တယ်လို့ထွက်ဆိုပေးလဲ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး ... တဲ့ ..
အမှန်တရားအတွက် စစ်မှန်တဲ့ မှန်ကန်မှုတစ်ခုပဲ လိုပါတယ်။
by ..DecemberCinderella
Tuesday, January 13, 2009
အမှန်တရားအတွက် ဘာလိုအပ်သလဲ ???
Subscribe to:
Post Comments (Atom)
8 comments:
အစ်မ
ဘ၀သင်ခန်းစာအတွက်
မှန်ကန်တဲ့ အတွေးအခေါ်ရဖို့
မှတ်သားလွယ်တဲ့
ပို့စ်ကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
တော်တည့် မှန်ကန်တဲ့ ပတ်ဝန်းကျင်
ကောင်းမှာ ကျင်လည်ရဖို့လည်း
လိုအပ်လှပါတယ်။
လေးစားလျက်
ဒီလိုမျိုးလေး ဖတ်ဘူးခဲ့တယ်...။
ညီမလေးကပြန်ပြောပြတဲ့ အခါနှစ်ထပ်ရှိတော့မှတ်မိတာပေါ့...။နော့်...
ကျေးဖူးတင်တယ်ကွယ်...။
အခုလို ဇင်ပုံပြင်တွေ ထပ်တင်ပေးစေချင်ပါတယ်။ ဇင်ဘာသာတရားကို ထင်လင်းပြတဲ့ ပုံလေးဖြစ်တယ်လို့ သိရပါတယ်။
အခုဟာက ဘုန်းကြီးအမှု ရွာပတ်တာ မဟုတ်ဘူး လူအမှု ဘုန်းကြိးကို ပတ်တာ
ဟီ
အော် အဲ့လိုလား ခွိ ခွိ
ကောင်းတယ် ပိုစ့်လေးက လိုရာရောက်တယ်
သြော် ဒီလိုလား
း)
ကြိုက်လို့ Link ယူသွားတယ်ဗျာ သူများတွေလည်း ဖတ်စေချင်လို့
အမှန်တရားအတွက် စစ်မှန်တဲ့ မှန်ကန်မှုတစ်ခုပဲ လိုပါတယ်။
ဟုတ်လိုက်လေဗျာ....
အဲ့ဒီ အမှန်တရားအတွက်....
24/1/09 မှာ SG ကိုရောက်မယ်...
ကြွားတာ....ဟီးဟီးဟီးဟီးဟီး
Post a Comment