Tuesday, January 20, 2009

သင်ပိုင်ဆိုင်သော အခွင့်အရေး

အသက်အနည်းငယ်ရလာပြီဖြစ်တဲ့ လက်သမားကြီးတစ်ယောက်က တနေ့မှာ သူအလုပ်ထွက်တော့မယ်ဆိုတဲ့အကြောင်း သူ့အလုပ်ရှင်ကို ပြောလိုက်တယ်။ သူက သူ့မိသားစုကို အချိန်ပေးချင်ပြီဖြစ်ကြောင်း၊ သူ့ရဲ့ လစဉ်ဝင်ငွေဖြတ်ပိုင်း တွေကို သတိရနေမှာ ဖြစ်ပေမဲ့လဲ သူဆက်မလုပ်ချင်တော့ကြောင်းပြောတော့ အလုပ်သမားကောင်းတစ်ယောက် ဆုံးရှုံးရမှာကို စိတ်မကောင်းဖြစ်နေတဲ့ အလုပ်ရှင်က နောက်ဆုံးအနေနဲ့ အိမ်ကလေးတစ်လုံးလောက် ဆောက်ပေးသွားစေချင်ကြောင်း မေတ္တာရပ်ခံတောင်းဆိုပါတယ်။

လက်သမားကြီးကလဲ မကောင်းတတ်လို့ သဘောတူလိုက်ပေမဲ့ သူ့စိတ်က အိမ်မြန်မြန်ပြီးသွားဖို့ပဲ စိတ်စောနေတယ်။ အဲ့ဒီတော့ သူက ရရာပစ္စည်းတွေနဲ့ ဖြစ်သလိုပဲ ဆောက်ပေးလိုက်တယ်။ ခါတိုင်းဆောက်နေကျအိမ်တွေထက် ပိုစောစောပြီးသွားတဲ့အချိန်မှာ သူက သူ့အလုပ်ရှင်ကို အိမ်ဆောက်ပြီးလို့ လာကြည့်လို့ရပြီလို့ အကြောင်းကြားလိုက်တယ်။

သူ့အလုပ်ရှင်က အိမ်လဲလာကြည့်ပြီးရော သော့ကို သူ့လက်ထဲ ပြန်ထည့်ပေးပြီး "ဒါ မင်းရဲ့အိမ်ပဲ။ မင်းနဲ့ မင်းမိသားစုအတွက် ငါ့ရဲ့လက်ဆောင်ပေါ့ကွာ" လို့လဲ ပြောရော လက်သမားကြီးက တော်တော်တုန်လှုပ်သွားပြီး "ဒီလိုမှန်းသိရင် အကောင်းဆုံး သူဆောက်မှာပေါ့။ အခုလိုအနေအထားမျိုးဘယ်ဟုတ်ပါ့မလဲ" လို့ စဉ်းစားရင်းနဲ့ ကုန်သွားတဲ့အချိန်တွေကို ပြန်လိုချင်နေမိတယ်။

ဘ၀မှာ ကိုယ်လုပ်ခဲ့တဲ့အရာတွေကို အစကနေပြန်စပြီး အကောင်းဆုံးဖြစ်အောင် ပြန်လုပ်လို့ရခဲ့ရင်သိပ်ကောင်းမှာပဲ လို့ နောက်မှ နောင်တရမဲ့အစား အခုလက်ရှိ အခွင့်အရေးရနေတဲ့အချိန်မှာ (ကိုယ့်အတွက်ပဲဖြစ်စေ၊ တခြားသူတွေအတွက်ပဲဖြစ်စေ) ဘာကိုပဲလုပ်လုပ် အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ဖို့ ဒီပုံပြင်လေးနဲ့အတူ ကျွန်မ ကိုယ့်ကိုကိုယ် သတိပေးမိတယ်။

By ..DecemberCinderella

1 comment:

Anonymous said...

စိတ်အဟာရလေးလာရောက်စားသောက်သွားပါတယ်

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */