Minnesota မှာ နေတဲ့ အဘိုးအိုတစ်ယောက်က အာလူးစိုက်ဖို့ သူ့ယာခင်းကို ထွန်ယက်ချင်နေတယ်။ မနှစ်ကဆို ဒီလိုအချိန်တွေမှာ သူ့သားက သူ့ကို ကူညီလေ့ရှိတယ်။ ဒီနှစ်တော့ သူ့သားက ထောင်ထဲရောက်နေတော့ ဒီလောက်ပင်ပန်းတဲ့ အလုပ်ကို သူ တစ်ယောက်တည်း မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲ့ဒါနဲ့ သူက သူ့သားဆီစာရေးလိုက်တယ် .. "သားရေ ..မင်းမရှိတော့ အာလူးစိုက်ဖို့ ယာခင်းကို အဖေ တစ်ယောက်တည်း မထွန်ယက်နိုင်တာနဲ့ ဒီနှစ်တော့ အာလူးစိုက်နိုင်ပါ့မလားတောင် မသိဘူး။ အဖေစိတ်မကောင်း ဘူးကွာ။ မင်းအမေက ယာခင်းထဲမှာ အပင်စိုက်ရပျိုးရတာကို အရမ်းသဘောကျတာ။ အဖေဟာ သူ့အတွက် ဒီယာလေးကို ထွန်ယက်ပေး တာလေးတောင် မလုပ်နိုင်လောက်အောင် အိုမင်းနေပြီ ငါ့သားရယ်။ မင်းသာ ထောင်ထဲမှာမဟုတ်ဘူး ဆိုရင်တော့ မင်းလုပ်ပေးမယ်ဆိုတာ အဖေသိပါတယ်" လို့ စာရေးပြီး ပို့လိုက်တယ်။
စာကိုလဲရရော သူ့သားက ချက်ချင်းပဲ " အမယ်လေး ကျေးဇူးပြုပြီး အဖေရယ်၊ ယာခင်းကို မထွန်လိုက်ပါနဲ့ဦး။ သား ယာခင်းထဲမှာ သေနတ်တွေမြုပ်ထားခဲ့မိလို့ပါ" လို့ သူ့အဖေဆီ ကြေးနန်း ပြန်ပို့လိုက်တယ်။
နောက်တစ်နေ့မှာ FBI က Agents တွေနဲ့ သူတို့နယ်က စစ်သားတွေတော်တော်များများရောက်လာပြီး ဘာမပြောညာမပြောနဲ့ အမိန့်အရ ဆိုပြီး တယာခင်းလုံးကို တူးဆွထွန်ယက်လိုက်တယ်။ ဘာသေနတ်မှတော့ ထွက်မလာဘူး။
အဘိုးကြီးက ဘာမှ နားမလည်စွာနဲ့ပဲကျန်ခဲ့တယ်။ နောက် သူ့သားဆီ စာတစ်စောင်ထပ်ရေး၊ အခြေအနေကိုရှင်းပြပြီး သူ ဘာဆက်လုပ် ရမလဲလို့ မေးလိုက်တယ်။ သူ့သားက " အဖေ ..လယ်ကိုလဲထွန်ပြီးသွားပြီဆိုတော့ အဖေ အာလူးစိုက်ဖို့ပြင်တော့။ အဲ့ဒါ အဖေ့အတွက် သားလုပ်ပေးနိုင်သလောက် လုပ်ပေးလိုက်တာပဲ" လို့ စာပြန်လိုက်တယ်။
Moral of the Story: No matter where you are in the world. If you have decided to do something deep from your heart, You Can Do It. It's the thought that matters most.
သင် ဘယ်နေရာမှာရောက်နေလဲဆိုတာ အရေးမကြီးပါဘူး။ သင့်စိတ်ကသာ ပြင်းပြတဲ့ဆန္ဒရှိခဲ့ရင် သင်ဘာမဆို လုပ်နိုင်ပါတယ်။ အရေးကြီးဆုံးက သင့်ရဲ့အတွေးအခေါ်ပါပဲ။
by ..DecemberCinderella
Saturday, January 17, 2009
အရေးကြီးဆုံးက စိတ်ဆန္ဒ
Subscribe to:
Post Comments (Atom)
6 comments:
ဟုတ်ပါတယ်..ဆန္ဒကိုတော့ အရေးကြီးကြောင်း လက်ခံပါတယ်...။ဆန္ဒနောက်မှာ ဥာဏ်ကောင်းတစ်ခု တွဲပါမယ် ၀ီရိယစိုက်ပြီး လုပ်ဖြစ်အောင်လုပ်မယ် ဆိုရင် ကိစ္စတစ်ခု ပြီးမြောက်တာပါ...။ကံ-ဥာဏ်-၀ီရိယ တဲ့...။
အခု သားကအဖေ့အတွက် ဆန္ဒနဲ့ အကြံဥာဏ် ကောင်းက ပူးတွဲသွားလို့ အဖေ့အာလူးစိုက်ချင်တဲ့ ကိစ္စ ပြီးသွားတယ် မှတ်ယူလိုက်ပါတယ်...။
ဖတ်ပြီး.....အယူအဆလေးတွေ အရမ်းကောင်းလာကြောင်း ထပ်ချီးကျူးလိုက်မယ်...နော်။
အင်း အတော်လည်တဲ့ သားလေး။ :P
ကောင်းတယ်အမရေ
အမကဆိုက်နှစ်ခုတောင်ပါလား
ခုမှသတိထားမိတယ်
သိပ်ကိုကောင်းလွန်းတဲ့ အသိပေးပို့စ်လေးပါအစ်မ။
ဆန္ဒရှိယုံနဲ့တင် မကပါဘူး။
ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ပါ ပေါင်းစပ်လိုက်ရင်တော့
ဒိထက် ကောင်းမွန်တဲ့ ရလဒ်တွေ ခံစားရမှာပါ။
အားပေးလျက်ပါ။
ဟားဟား။ မိုက်တယ် :D
မိုက်တယ်ဗျာ သားက အဖေအတါက် လုပ်ပေးပုံလေ မဟုတ်မှ လွဲ
ရော အဲဒါ ရွာမှာပဲနေမှာ(မြန်မာပြည်)ဟီး
Post a Comment