SMS တွေ ဝေးသွားမှ
မင်းရှိနေတဲ့ ဘ၀နဲ့ မင်းပျောက်ကွယ်သွားတဲ့ ခဏ
ဘယ်လောက်တောင် ကွာဟသွားလဲဆိုတာ
ငါ့မှာ .. မယုံကြည်နိုင်အောင် ဖြစ်ရတယ် ။
အသံလေး မကြားရတော့မှ
ပတ်ဝန်းကျင်က အရာတွေအားလုံးဟာ
ခါတိုင်းနဲ့မတူအောင် ပိုငြိမ်သက်သွားတာကို
ငါ .. အလိုလို သတိထားမိတယ်။
(နားထဲမှာ .. မင်းခေါ်သံလေးပဲကြားနေတယ်)
ချစ်သူရေ ...
ပိုင်ဆိုင်ခြင်းနဲ့ ပျောက်ဆုံးခြင်းကြားက
စိတ္တဇနာမ်ကလေးတစ်ခုက
ငါ့ကို ဒီလောက်ဂယက်ရိုက်ခဲ့သလား
ကိုယ်တိုင်နားလည်သွားတဲ့ အချိန်မှာ
မင်းမရှိရင်မဖြစ်ဘူးဆိုတာထက်
မနေတတ်တော့ဘူးဆိုတာတော့ ၀န်ခံရမှာပဲ ။
by ...DecemberCinderella ( to my little Mickey ..)
Tuesday, January 6, 2009
တကယ်လို့များ ...
Subscribe to:
Post Comments (Atom)
5 comments:
ခွဲမသွားခင် .. သင်ပေးခဲ့ပါ ... တဲ့လားဗျာ ...
ရင်တွင်းက ချစ်ခြင်းဆိုတာက ဘယ်အခါမှ ကွဲကွာသွားတယ်၊ ခွဲခွာသွားတယ်ဆိုတာ မရှိဘူးလို့ ကျွန်တော်တော့ ထင်ပါတယ်။ အပြင်လောကမှာ ဝေးကွာနေလို့၊ ဝေးကွာခဲ့လို့၊ ဝေးကွာခဲ့ဖို့ ရှိရင်တောင် ရင်တွင်းက ချစ်ခြင်းတရားတစ်ခုမှာ အဲအရာက အဓိပ္ပါယ် အစအနလေးတောင် မရှိပါဘူး အမဆင့်ရယ် ... ။
Nyi ma yae,,, still learning how to stand ? He doesn't have concern for me.
အိပ်မက်ရှင်ကလေးရေ
မောင်လေးပြောတာကို သဘောကျလို့
ကဗျာကို ပြန်ပြင်တယ်
မင်းမရှိရင်မဖြစ်ဘူးဆိုတာထက်
မနေတတ်တော့ဘူးဆိုတာလေးကိုတော့
လက်ခံသဗျာ....
ဟယ်... မနေတတ်ဘူးရှုးတော့မယ်လား။
ရှုးတော့ ရှုးမသွားပါနဲ့ဗျာ ဘလော့မှာ မျက်စေ့ရှုပ်တာသက်သာသွားပါ့မယ် ဟိဟိ
Post a Comment