ကိုယ်လိုချင်တဲ့ ရလဒ်တွေအတွက်
ရည်ရွယ်ချက်တွေ ဖြူစင်ဖို့လိုတယ် ..
ရွေးချယ်ပြီးသား လမ်းတစ်ခုအတွက်
အစမ်းသပ်ခံနိုင်တဲ့ စိတ်ဓါတ်တစ်ခုလိုတယ် ...
ပိုင်ဆိုင်လာတဲ့ ဂုဏ်ပုဒ်တွေအတွက်
မတုန်လှုပ်တဲ့ သတ္တိတစ်ခုလိုတယ် ....
ပေးဆပ်လိုက်ရတဲ့ အချိန်တွေအတွက်
ထပ်တူမျှတဲ့ ကျေနပ်မှုတစ်ခုလိုတယ် .....
ရင်ဆိုင်ရဦးမဲ့ မနက်ဖြန်အတွက်
စနစ်ကျတဲ့ ပြင်ဆင်မှုတစ်ခုလိုတယ် ......
အရင်းအနှီးကြီးတဲ့ ဖြစ်တည်ခြင်းအတွက်
ကန့်သတ်ချက်တွေကို ကျော်ဖြတ်ရဲဖို့လိုတယ် .......
မပြီးဆုံးသေးတဲ့ တာဝန်တွေနဲ့
အဲ့ဒီ လိုအပ်ချက်များစွာအတွက်
ဖြေးဖြေးချင်းတော့ ခရီးဆက်နေရဦးမယ် ........
by ..DecemberCinderella
Tuesday, January 6, 2009
ဖြစ်တည်မှုများ၏ နောက်ဆက်တွဲ
Subscribe to:
Post Comments (Atom)
5 comments:
ဖြစ်တည်မှုများရဲ့
နောက်ဆက်တွဲ
လိုအပ်ချက်များစွာကို
တဖြည်းဖြည်းချင်း ဖြည့်ဆည်းနိုင်ပါစေ ..
http://winzaw-mdy.blogspot.com
ကဗျာလေးလာဖတ်သွားတယ် မဆင့်ရေ။ ပန်းတိုင်ကို ရောက်တဲ့အထိ ဖြည်းဖြည်းချင်း ခရီးဆက်နိုင်ပါစေနော်။
ဖြစ်တည်မှုများ၏ နောက်ဆက်တွဲ .. တဲ့
ကောင်းလွန်းတဲ့ ကဗျာပါကလားဗျာ ...
တစ်ပိုဒ်ချင်းမှာ တစ်ဆင့်ခြင်း ပေးသွားတဲ့ တွေးစရာတွေက တစ်ပုံတစ်ပင်နဲ့ ... ။
“ပိုင်ဆိုင်လာတဲ့ ဂုဏ်ပုဒ်တွေအတွက်
မတုန်လှုပ်တဲ့ သတ္တိတစ်ခုလိုတယ် ....”
ကျွန်တော်တော့ ကြိုက်သွားတယ် .... ။ လေးစားပါတယ် အမဆင့် ... ။
ကဗျာလေးကအနှစ်သာရအပြည့်ပါပဲလား
မဆင့်ရေ....ကောင်းတယ်ဗျာ..
အားပေးလျက်
ဒါတော့ ပိုစိုးပက်စက်ကို ထောက်ခံတယ်ဗျာ
Post a Comment