Saturday, January 3, 2009

တောင်းဆိုခြင်း

မွေးဖွားခြင်း နဲ့ ရှင်သန်ခြင်း
မျှော်လင့်ခြင်း နဲ့ ပျောက်ဆုံးခြင်း
ဘယ်လိုမှ မကင်းနိုင်တဲ့
သဘာဝတရားရဲ့ စီမံမှုအောက်မှာ
ငါတို့နှစ်ယောက် ဆုံခဲ့ပြီးမှ
လွယ်လွယ်လက်ပြ နှုတ်ဆက်သွားဖို့
သေခြင်းတရားက မခွဲသရွေ့
ငါ့ကို မေ့ခွင့်မပြုနိုင်ပါဘူး ကလေးရယ် ……

တကယ်ပါ ..
ကိုကောင်းကင်ကို ရဲ့ ပိုးဖလံလိုပဲ
(ငါ့ကိုလဲ)
ဒီထဲမှာပဲ လောင်ကျွမ်းနေခွင့်ပြုပါနော် ……

by ...DecemberCinderella

10 comments:

Anonymous said...

တောင်းဆိုချက်ဆန္ဒလေးတွေပြည့်ဝပါစေဗျာ...။
လူဆိုတာလည်းတကယ်တော့
ပိုးဖလံလိုပါပဲဗျာ...

Anonymous said...

read
good

Anonymous said...

စာသားတွေမိုက်တယ်ဗျာ အတုခိုးသါားတယ်ဗျို့

Anonymous said...

ဟိုက်ရှားပါး ပက်စက်တယ်ဟေ့ ဟားဟား
အမိန့်တွေနဲ့ပါလားကွယ်ရို့

Anonymous said...

ကောင်းတယ် အမရေ
ဆက်လက်အားပေးလျှက်ပါ
အရေးအသားတွေ လာလာကြည့်တယ်

Anonymous said...

ကလေးရယ်..
အချစ်ဆိုတာ...
ကမ္ဘာတည်နေသရွေ့
ရှင်သန်နေလေ့ရှိတယ်တဲ့....။
သေခြင်းတရားက ခွဲခွါသွားရင်တောင်
ဆုတောင်းကောင်းခဲ့ရင်
နောင်ဘဝ
ကလေးနဲ့ ဆုံကြရဦးမှာပါ...
ငါ့ ယုံကြည်ချက်ဟာ
ကလေးကို ချစ်တာ
သက်သေပါလေ.....။
(အခုပြောခဲ့တာပိုမယ်မထင်ပါဘူးနော်.....)
(ကောင်းကင်ကိုရဲ့ ပိုးဖလံလိုပဲ....ဆိုတဲ့ အဓိပ္ပါယ် ရှင်းပြပါ)

Anonymous said...

ရှင်းသွားပါပြီ...
စာဖတ်သူအတွက် အခုလို အဖြေမျိုးလဲ စိတ်ဝင်စား စရာကောင်းပါတယ်....သူ့ဆီလဲ အလည်ရောက်သွား တာပေါ့...။ကျေးဇူးဘဲ

Anonymous said...

ညရေ အေ၇းတွေကတော့ လေ့လာစရာတွေဘဲနော်
အမ လည်းအဲလိုဘဲခံယူတယ်လေ..
ဒါပေမဲ့ပေါ့ သေချင်းတရားက ငါတို့ကိုခွဲသွားခဲ့ရင် ကျန်နေခဲ့သူကတော့ရင်တွေနာရတော့မှာနော်
ကျေးဇူးပါဘဲ ကဗျာလေးအတွက်

Anonymous said...

သံစဉ်လှလှကဗျာလေး ဖတ်သွားတယ်။
ဆန္ဒတွေပြည့်စေချင်တယ်။

http://winzaw-mdy.blogspot.com

Anonymous said...

အခြားသူတွေအတွက် ပိုးဖလံမီးကို တိုးခြင်းဟာ အဓိပ္ပါယ် တစ်စုံတစ်ရာ ရှိချင်မှ ရှိမယ် ...
ပိုးဖလံအတွက်တော့ ယုံကြည်ရာလမ်းကြောင်းတစ်ခုကို ပြနေတဲ့ သစ္စာတရားရဲ့ ပြီးပြည့်စုံမှုတစ်ခုပါပဲ ...။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */