အိပ်မက်ဆိုတာ
စွဲလမ်းခြင်းကိုယ်စားပြု ပုံရိပ်တွေ တဲ့ ..
မင်းစိတ်နဲ့ အသက်ရှင်နေတဲ့ ဒီဘ၀အတွက်
အဲ့ဒီ မျှော်လင့်ချက်အရိပ်တွေရဲ့အောက်
တကောက်ကောက်လိုက်ရင်း ပျော်နေတတ်သူ ငါ ..
မင်းခိုးယူသွားတဲ့ အိပ်စက်ခြင်းတွေထဲ
မင်းနဲ့အတူ အမြဲပျော်မွေ့နေဦးမှာပါ ..
မျက်ဝန်းဆိုတာ
နှလုံးသားရဲ့ ပြူတင်းပေါက်တစ်စုံ တဲ့ ..
ယုံကြည်ခဲ့တဲ့ ချစ်ခြင်းတရားအတွက်
နူးညံ့တဲ့ အကြည့်တစ်ချက်ရဲ့အောက်
ဒူးထောက်ခစားရင်း ကျေနပ်နေသူ ငါ ..
မင်းဆောင်ကျဉ်းပေးခဲ့တဲ့ ရင်ခုန်သံရပ်ဝန်းထဲ
မင်းနဲ့အတူ အမြဲရှင်သန်နေမှာပါ ..
ချစ်သူရယ်
အတူနားလည်ခဲ့တဲ့ ဘာသာရပ်အတွက်
သက်သေတွေ မလိုအပ်သလို
အကြောင်းပြချက်တွေလဲ မရှိပါဘူး
တွဲလက်တစ်စုံ တသက်တာတည်မြဲဖို့
ပကာသနမဖက်တဲ့ ယုံကြည်ချက်တစ်ခုကိုသာ
ငါတို့နှစ်ယောက် တည်ဆောက်ကြအောင်ပါ …
by .. DecemberCinderella ( Memory of 28th January, 2009)
Friday, January 30, 2009
မျက်ဝန်းထဲမှာ ...
Subscribe to:
Post Comments (Atom)
2 comments:
ညှိနှိုင်းမရရင်တော့ လမ်းခွဲဖို့သာ စဉ်းစားဗျာ ခေါင်းစားမခံနဲ့
မြှောက်ပေးတာတော့ ဟုတ်ဘူးနော် အဟီး
ချစ်သူကဂုဏ်တွေမက်နေရင်..လက်မတွဲနဲ့အဂယ်ပြောတာ..
နောင်တချိန်စိတ်ဆင်းရလိမ့်မယ်
Post a Comment