လူငယ်တွေရဲ့အနာဂတ် *** Myanglish နဲ့ မပျက်စီးစေချင် ***
ကြာပါပြီ။ Chatting မှာ Myanglish တို့ Burglish တို့ တွင်တွင်ကျယ်ကျယ် ခေတ်စားလာတာကို ပြောချင်နေတာကြာပါပြီ။ အခုတော့ SG မှာ ရောက်ပြီး Blog စရေးရာကနေ ခင်လာတဲ့ မောင်လေး Villain နဲ့ ဟိုတနေ့က online မှာ စကားပြောဖြစ်ရာကနေ ဒါကို ရေးဖြစ်တယ် ဆိုပါတော့။ သူနဲ့ စကားစပြောတဲ့ အပေါ်ပိုင်းက အကြောင်းအရာတွေကိုတော့ သူ့ Request အရ ချန်ထားခဲ့ပါတယ်။ ဒါပေမဲ့ Myanglish အကြောင်းကို ရေးမှာဆိုတော့ နိဒါန်းလေးမှမပါလို့လဲ မဖြစ်ဆိုတော့ သူပြောတဲ့စကားတွေရဲ့ အလယ်လောက်ကနေ ကျွန်မ စရေးပါမယ်။
V: pay chin tae thu ko thar pay lite, pay tot pay lite ohm, I pyaw tar ka bel thu ko pay ya hman ma thi yin our group ko pay lite loz pyaw tar .... hote p lar
သူမ: can u type in Eng? or pure Burmese .. now my head is spinning to read ur message.. can't get to it directly ...
V: I can't type Zawgyi now. I can't use english :) I don't know english.
သူမ: then which language r u typing now? d't tell me rubbish things. coz' we all are in English-speaking land ..
V:why cannot lar? language mean Conversion .. I don't stay @ England
သူမ: that's the point .. Every Myanmar say so ..
V: u & me are myanmar, we are chatting now, most of myanmar chatter (90%) use myanlish. so i use myanlish
သူမ: d't count on me for that ..
V: if it's ur weak point, i'll use pure englihs ..
သူမ: if u wanna continue the chat ... that's better ..
ဒါလေးမှ ထည့်မပြောရင်လဲ မဖြစ်လို့ပြောရတာပါ။ စာရှည်အောင်မလုပ်ချင်ပေမဲ့လဲ ။ သူကပြောတယ်။ အင်္ဂလိပ်စကားကို Conversation အရသာ ပြောနေတာပါ။ England မှာရောက်နေတာ မဟုတ်ပါဘူးတဲ့။ ကျွန်မ ဒီကို မလာခင်က Singlish ကို နည်းနည်းတော့ လျှော့တွက် ထားခဲ့ဖူးပါတယ်။ လုပ်ငန်းခွင်လဲရောက်ရော သူတို့ရဲ့ Singlish ဟာ ငယ်ငယ်ကတည်းက Bilingual ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလာတဲ့အတွက် ( တခုခုဆို အရင်စဉ်းစား၊ စဉ်းစားပြီး အမှန်အမှား ဦးနှောက်ရဲ့အဖြေကိုစောင့်၊ အဖြေရတော့ တခါ လျှာကမသွက် ဒီလိုနဲ့ ..) ကိုယ့်မိခင်ဘာသာကိုသာလျင် အာသွက်လျှာသွက်ပြောလာတဲ့ ကျွန်မတို့နဲ့ ဘယ်လိုမှမနှိုင်းယှဉ်သာမှန်း သိလိုက်ရတယ်။ သူတို့ကို English ကောင်းတယ်လို့ ပြောနေခြင်း၊ သူတို့ဘက်က ဘက်လိုက်နေခြင်းမဟုတ်ပါ။ ကျွန်မ ဆိုလိုတာက သူရော ကျွန်မရော ( တရုတ်လိုမှမတတ်ရင် .. အင်္ဂလိပ်လိုသာ ပြောရတော့မဲ့) ရွေးချယ်စရာမရှိတဲ့ ကျွန်းပေါ်မှာ အလုပ်လုပ်နေကြတာပဲ။ ဘာကြောင့် Myanglish ကို သုံးမှာလဲ။
ဟိုး အဝေးတနေရာမှာကျန်ခဲ့တဲ့ မိသားစုတွေ ကိုယ်နဲ့ အဆက်အသွယ်ရချင်ရှာလို့ မသုံးတတ်သုံးတတ် ယောင်ချာချာနဲ့ Cyber Cafe ကို ရောက်လာတယ်ဆိုလဲ ထားတော့။ အခု မြန်မာပြည်မှာ အင်တာနက်ကို ကလေးတွေ တော်တော်သုံးတတ်လာတာပဲဆိုပြီး အထင်တကြီး ရှိမိပါတယ်။ အယောက် ၁၀၀မှာ ၉၉ ယောက်က Myanglish ကိုသာလျင် အသုံးပြုကြတယ်။ သုံးပါ။ မသုံးရဘူးလို့ မဆိုလိုဘူး။ ဒါပေမဲ့ ဒီကလေးတွေဟာ အတန်းပညာအားဖြင့် အနည်းဆုံးတော့ ဆယ်တန်းအောင်ပြီးသား၊ အများစုက ဘွဲ့ရတွေများပါတယ်။
ကျွန်မတို့နိုင်ငံမှာ အင်္ဂလိပ်စာကို Major မဟုတ်သည့်တိုင် Second Year အထိတော့ Supplementary အနေနဲ့ သင်ရပါသေးတယ်။ ကျွန်မတို့ဟာ How are you? လောက်ကိုတောင် Nay-kg-lar လို့ မေးရမဲ့အဆင့်၊ what r u doing? ဆိုတာကို bar-tway-loat လို့ ပြောရမဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပြီလား။ ဒီကလေးတွေ ဒီလိုပြောနေတာကို တဖက်က ( တကယ်လို့ ရေခြားမြေခြားမှာ ရောက်ပြီး အင်္ဂလိပ်လို မပြောမဖြစ်ပြော၊ အသုံးမပြုလို့မရ ပြုနေရတဲ့) ကျွန်မတို့လို Villain တို့လို လူတွေကမှ မတားရင်၊ ရှေ့ဆောင်လမ်းပြ မကောင်းရင် သူတို့ ဘယ်လိုပြင်မှာလဲ ...
ဒါနဲ့ သိပ်မဆိုင်ပေမဲ့ ဆက်စပ်မှုအနည်းငယ်ရှိတဲ့ အကြောင်းလေးကိုပါ ထည့်ပြောပါဦးမယ်။ ကျွန်မတို့ဟာ ငယ်ငယ်ကတည်းက အယူအဆအမှားတွေနဲ့ ရှင်သန်လာရပါတယ်။ ဥပမာ .. ညဘက် မလင်းတလင်းအချိန်မို့ လက်ကို ထိခိုက်မိမှာစိုးလို့ လက်သည်းမညှပ် စေချင်တာကို တိုက်ရိုက်မပြောပဲ လာဘ်တိတ်လိမ့်မယ် ၊ ညဘက်မညှပ်နဲ့လို့ ပြောတတ်တဲ့ Conservative Society မှာ ကြီးပြင်းလာ ခဲ့ကြတဲ့ ကျွန်မတို့ .....ငယ်ငယ်တုံးကတော့ ထားလိုက်တော့။ Why? တို့ How? တို့ အနောက်နိုင်ငံက ကလေးတွေလို (အမြဲ စပ်စပ်စုစု ၊ မိဘ (သို့မဟုတ်) ဆရာကပြောရင်) သူတို့ လက်မခံရင် လက်မခံသလို ပြန်မေးတတ်ကြတဲ့သူတွေလဲ မဟုတ်တော့ အဲ့ဒါကို ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ လက်ခံထားလိုက်ကြတယ်။
အခု သုံးယောက်နေတဲ့ အခန်းထဲမှာ ကျွန်မ ညဘက် လက်သည်းညှပ်တော့ ကျွန်မသူငယ်ချင်း Knowledge Age ထဲမှာ ရပ်တည် ရှင်သန်နေသူက ကျွန်မကို ခါးခါးသီးသီး တားမြစ်တုံး။ ဘယ်လိုဖြစ်တာတုံး။ မိဘတွေကို အပြစ်မပြောနဲ့တော့။ သူတို့လဲ သူတို့ခေတ်နဲ့ သူတို့ထုံးတမ်းစဉ်လာထဲမှာ သူတို့လက်ခံထားတဲ့ အယူအဆတွေကို ဆက်ကျင့်သုံးနေဦးမှာပဲ။ အဓိကက ကိုယ်နဲ့ နောက် Generation .. ကိုယ်ကပါ ရောပြီး ဒါကို လာဘ်တိတ်နေဦးမယ်ဆိုရင်တော့ ..သေချာတယ် ..သွားပြီ ... ကိုယ့်ကလေးနဲ့ နောက်အနာဂတ်မျိုးဆက်သစ် တွေရဲ့ဘ၀ အကြီးအကျယ် လာဘ်တိတ်နေဦးမှာ။
ကျွန်မတို့ Mindset တွေကို ပြင်ဖို့ အချိန်ရောက်ပါပြီ။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကလေးတွေကို လမ်းညွှန်ပေးဖို့လိုပါပြီ။ Advantages, Disadvantage တွေကို ကလေးတွေ သိအောင် လက်ဆင့်ကမ်းဖို့လိုပါပြီ။ တနေ့တနေ့ ၁ နာရီ အနည်းဆုံး၊ ၃ နာရီ အများဆုံး အင်တာနက် အသုံးပြုနေကြတဲ့ ကလေးတွေဟာ ဆိုင်ကလဲ ထွက်သွားရော ( လူတကာလက်ခံနေတဲ့) Myanglish ကို Credit တို့ Distinction တို့ပေးရလောက်အောင် တဖက်ကမ်းခတ် ကျွမ်းကျင်သွားပေမဲ့ ကိုယ့် မြန်မာစာလက်ကွက်နဲ့ အခြေခံ အင်္ဂလိပ်စာ အသုံးအနှုံး မှာတော့ ၀က်ဝက်ကွဲကျရှုံးနေကြပါတယ်။
ကျွန်မ အရမ်းကျွမ်းလို့ ဆရာကြီးလုပ်နေခြင်းမဟုတ်ပါ။ ကျွန်မလဲ Basic Learner တစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်မနဲ့ chat တဲ့သူမှန်သမျှ ကျွန်မ Myanglish နဲ့ မ chat ပါဘူး။ ကလေးတွေကို ကြိုးစားရေးခိုင်းပါတယ်။ Villain လိုပဲ စိတ်မဆိုးဖို့ပြောတာကို "D't angry" ဆိုလဲ ကျွန်မ နားလည်နေတာပဲလေ။ (အရမ်းရင်းနှီးတဲ့ မောင်လေး ညီမလေးတွေဆိုရင်တော့ Adj ဆိုရင် Helping Verbs ထည့်ရမယ်၊ Verb ဆိုရင် Infinitive နဲ့ တိုက်ရိုက်သုံးလို့ ရတယ်ဆိုပြီး လျှာရှည်ဦးမှာပေါ့)
ဒီ Topic က ကျွန်မရဲ့ ရင်ထဲက စေတနာကို အခြေခံပြီးပြောရုံသက်သက်ပါ။ Myanglish သုံးကို သုံးမှဖြစ်မယ်၊ သုံးဖို့လိုတယ်ဆိုရင်တော့ သုံးပါ။ ကျွန်မဆိုလိုတာက ( နင်တို့ English က ဒါမျိုးလား လို့ သူတို့ အထင်မသေးရအောင် ကျွန်မတို့ ကြိုးစားနိုင်ချိန်မှာ၊ ကြိုးစားဖို့လဲ အခွင့်အရေးရနေသေးတဲ့အချိန်မှာ) နောင်လာမဲ့ မျိုးဆက်သစ်ကလေးတွေကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လို့ရမယ် ဆိုရင် ပြင်ဆင်စေချင်တာပါပဲ။ မြန်မာပြည်မှာ ( ဘာမှမပေါပေမဲ့) အချိန်လေးတော့ ပေါနေပါသေးတယ်။ ဒီမှာလိုမျိုး Very hectic and robotic life ကိုတော့ သူတို့ ရင်မဆိုင်ရသေးဘူးလေ။ Life Expectancy ကို 65 လို့များ သက်မှတ်တယ်ဆိုရင် ကျွန်မက ဘ၀သက်တမ်း တ၀က်ကျိုးသွားပြီးပါပြီ။ ကိုယ့်အတွက်ကတော့ ဘာမှလဲ သိပ်မျှော်လင့်စရာ မကျန်တော့ဘူး။ ကိုယ့်မွေးရပ်မြေက ကိုယ်ချစ်တဲ့ လူငယ်လေးတွေရဲ့ အနာဂတ်ကလေးတွေတော့ တတ်နိုင်သမျှလှပစေချင်သေးးတယ်။
by ...DecemberCinderella
Friday, January 9, 2009
နည်းမှန်လမ်းမှန် ရှင်သန်ဖို့
Subscribe to:
Post Comments (Atom)
17 comments:
ဟုတ်တယ်မဆင့်ရေ...
တကယ်တော့ burglish ကိစ္စ၊ လက်သည်းညှပ်တဲ့ကိစ္စကအစ အသေးအမွှားလို့သဘောမထားသင့်တော့ဘူး။ဘာလို့လည်းဆိုတော့ ကိုယ့်အတွက်ထက် ကိုယ့် generation အနာဂါတ်ကိုဆက်ကြည့်သင့်ပါတယ်။
ကိုယ်ချစ်တဲ့ လူငယ်လေးတွေရဲ့ အနာဂတ်ကလေးတွေတော့ တတ်နိုင်သမျှလှပစေချင်သေးးတယ်လို့....မဆင့်ပြောခဲ့သလိုပဲအနာဂါတ်မျိုးဆက်အတွက်တော့ အတတ်နိုင်ဆုံး ကောင်းမွေမပေးနိုင်တောင်မှ၊ဆိုးမွေကိုတော့ချန်မထားသင့်ဘူးလို့မြင်မိပါတယ်။
အခုလိုအတွေးမျိုးလေးတွေ တင်ပြပေးတဲ့အတွက်ကျေးဇူးပါအမရေ...
kyat naw ka e lo sin sar ya hmar pyin tel bya. bel lo lote ya pa. :) ဟီးဟီး။
အိုင်မ် စိုးဘောရ်င်း တူ သင့်ခ် အင်္ဂလိခ်ျ။ ဟောင်းခန်အိုင်ဒူး။ :P
အဲဒါကို လက်မခံပါ ခင်ဗျာ .. သူ့ပတ်ဝန်ကျင်နဲ့ သူသုံးတတ်ရန်သာ အရေးကြီးပါသည်။ instant messenger သည်ဘာသာစကား လေ့လာဖို့ နေရာမ ဟုတ်ပါ။ communication တစ်ခုသာ ဖြစ်ပါတယ်။ ဘာသာစကား လေ့ကျင့်ရန် လုပ်ထားသော chatting အများအပြား ရှိပါတယ်။ လူငယ်များ chatting လုပ်ခြင်းမှာ ကျောင်းချိန် ပြင်ပ စိတ်အပန်းဖြေခြင်းသာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လာလုပ်နေသည်ဟု မထင်စေချင်ပါ။ တကယ်လေ့လာနေသူများကလည်း chatting လုပ်မနေပါ။ ဘာဖြစ်လို့လည်းဆိုတော့ .. ၀သွားပြီလေ။ ကျွန်တော့် ထင်မြင်ချက်လေးပါ။ မှားတာပါရင် ခွင့်လွတ်ပါခင်ဗျာ။
ကျွန်မ ဒီ Topic အတွက်
ဘယ်အကြံမျိုးမဆို Welcome ပါ။
ကျွန်မရဲ့ ရည်ရွယ်ချက်က
Chatting ကို juz for fun ဆိုပေမဲ့
ကလေးတွေကို
ကုန်သွားတဲ့ အချိန်တွေအတွက်
တခုခုပြန်ရစေချင်တာပါပဲ ။
ဆရာဦးအောင်သင်းပြောသလို သိပြီးတတ်ပြီးသား လေ့လာပြီးသား လူကြီးတွေကတော့ ပြောစရာမှ မလိုတော့တာ။
တနေ့ကျရင် ဒီကလေးတွေကပဲ
ကျွန်မတို့ အခု ရင်ဆိုင်ကြုံတွေ့နေရတဲ့
Life Struggle ကို ရင်ဆိုင်ရဦးမှာ မို့လို့ပါ။
အားလုံးကို any kind of comments .. ကျေးဇူးတင်ကြောင်း ..
အိုး သင့်ခရူဗဲရီမတ်ခ်ျဖော်ယော် ပို့စ် မိုင်စစ်စတာ ဘတ်ထ် အိုင်ကန်နော့ စပိခ်အင် အင်းဂလစ်ရှ် ဗဲရီးဝဲလ် စိုး အိုင်အမ် ဗဲရီးဆောရီး ဖော်သတ်ထ်
ဗမာ အချင်းချင်းပြောတဲ့ အခါ တစ်ယောက်ပြောတာ တစ်ယောက်နားလည်ဖို့ ပိုအရေးကြီးတယ်လေ..နော်။ ဗမာ နှစ်ယောက် အင်္ဂလိပ်လို Chatting ကြတဲ့အခါ တစ်ခါ တစ်လေ နားလည်မှုလေးတွေလွဲတတ်တယ်လေ။ Feeling လဲကွာသေးတယ်။ဖြစ်နိုင်ရင်တော့ မြန်မာ Typing ရိုက်တာ အကောင်းဆုံးပေါ့။ မြန်မာလို ရိုက်နိုင်ဖို့ဆိုတာလည်း ကျွန်မတို့လို့ ဘလော့ဂါ တွေနဲ့ လူအနည်းစုပဲ ဖြစ်နိုင်တာလေ..။ အမ အမေနဲ့ အွန်လိုင်းမှာ တွေ့တဲ့အခါ .
“ Hi, mom.. watt zapp? How’s going .. what are you doing lately ? အဲလိုပြောတာနဲ့.(. မြန်မာဖောင့်က အဆင်သင့်မရှိတဲံ့ အခါ )“ may gyi, nay kg lar “ အဲဒါနဲ့… feeling ချင်းက ကွာတယ်လေ နော် ..အမ။
အလုပ်ထဲမှာတော့ အင်္ဂလိပ်လို ပြောမှရမှာဖြစ်လို့ ပြောပေမယ့် ကိုယ့်ဗမာချင်းချင်း သူငယ်ချင်း ချင်းချင်းကြတော့ Myanglish ကပိုအဆင်ပြေပါတယ်။ ပြီးတော့ ဒါက linguistics နဲ့ပြောတာလေ အမ။ ဘယ်ဘာသာမှာမဆိုရှိတယ်။ ဘာသာစကားသင်တန်းကျောင်းတက်လာတဲ့ ကိုဗီကပိုသိတယ်အမ..။ကိုယ်တစ်ကယ်တော်ချင်ရင်တော့ ကိုယ့်မှာပဲ တာဝန်အရှိဆုံးပါပဲ အမရယ်။ ကိုယ်ကိုတိုင် လေ့လာပေါ့..။
ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျွန်မမောင်နှမတွေနဲ့လည်း ကျွန်မ Myanglish လိုပဲချက်ပါတယ်။ သူတို့ မြန်မာလိုမရိုက်တတ်ဘူးလေ။ ဒါပေမယ့် ကျွန်မမောင်လေး အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် IELTS မှာ Brand 7 ရအောင်ဖြေနိုင်တယ်။ ကျွန်မမောင်လေးတွေ ညီမလေးတွေနဲ့ လက်လှမ်းမှီသမျှ အငယ်လေးတွေကိုတော့ အမြဲကြိုးစားနေကြဖို့ အင်္ဂလိပ်စာဘယ်လောက် အရေးကြီးကြောင်း .. ….blah blah blah… အကြီးတစ်ယောက်အနေနဲ့ ကျွန်မအမြဲပြောနေတာပါပဲ။
ကျွန်မကတော့ မြန်မာလိုရိုက်နိုင်ရင် ရိုက်တယ် .. အဆင်မပြေရင်တော့ myanglish နဲ့ပြောလိုက်တာပါပဲ..။ အဓိက ကကိုယ်ပြောချင်တာ နားလည်မှုမလွဲပဲ သူတို့သိသွားစေချင်တာပါ…။
မမCinderella ရေ...ညီမကလဲ Language ကိုလေ့လာနေတဲ့ သူပါပဲ။ အမရေးထားတာကို လေးစားပါတယ်။ အမကစေတနာနဲ့ ပြောတာကိုး။ ဒါပေမဲ့ ဒါကိုချည်းပဲ အပြစ်မြင်လို့ မရပါဘူးလေ။ တဦးနဲ့ တဦးဆက်သွယ်တယ်ဆိုတာ ကိုပြောချင်တာတဖက်သား နားလည်ဖို့ ပဲ အရေးကြီးတာပါ။
အမပို့ စ်ကိုဖတ်ပြီး UFL တက်တုန်းက သင်ခဲ့ရတဲ့ Linguistics ခေါ် ဘာသာဗေဒ ကိုသွားသတိရတယ်။ သူကဘာကို အဓိကထားလဲဆိုတော့ အသံကိုပါ။ ဒီ myanglish က ဒီဘာသာဗေဒ နဲ့ ဆင်တယ်။ ကျွန်မက အင်္ဂလိပ်စာကိုချစ်လို့  အဲဒါ ကိုတောင် major အနေနဲ့ ယူခဲ့သေးတယ်။
ဒါသုံးလို့ ကိုယ့် အင်္ဂလိပ်စာ ညံ့သွားတယ်ဆိုရင် ဒါက myanglish ကို တင်လို့ မရပါဘူး။ ကိုယ့် ကိုကိုယ် ပဲတင်ရမှာပဲ။ လူဆိုတာ နေရာဒေသ အခြေအနေ ပေါ်မူတည်နေတတ်မှ တော်ကာကျမှာပါ။
ရည်ရွယ်ချက်ကောင်းသော ပို့စ်လေးပါ.
အားလုံးအဆင်ပြေပါစေ အရေးအသားလည်းကောင်းတယ်နော် အမ.
အင်းးးး အတိုကောက်တွေကို သူငယ်ချင်းတွေပြောတဲ့နေရာမှာ အတော်လေးသုံးဖြစ်တယ် :)
လူတိုင်းအပေါ် ထားတဲ့ စေတနာကို လေးစား ပါတယ်။ ပို့စ်အတွက်လည်း ကျေးဇူးတင်ပါတယ်။
အရင်က ကျွန်တော်လည်း ဘားကလစ်ကို မဖတ်တတ်ပါဘူး။ ခုတော့ ဖတ်တတ်ပြီ ဆိုပေမယ့် နားလည်မှု လွဲနေတုန်းပါပဲ။ ကိုယ်တိုင်တော့ မရိုက်တတ်ပါဘူး။
ဘားကလစ်နဲ့ မြန်ကလစ်ဟာ ချက်တင်းရဲ့ မရှိမဖြစ် သွေးကြောလို ဖြစ်နေပါတယ်။ အနာဂတ်ကလေးတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအတွက်တော့ စိတ်မကောင်း စရာပါ။ နိုင်ငံတကာ(ယူအက်စ်၊ ယူကေ) မှာလည်း ချက်တင်းရဲ့ ဗန်းစကားကြောင့် ကျောင်းသားလေးတွေ Spelling နဲ့ Vocabulary တွေ တော်၂လေး ညံ့သွားတယ်ဆိုတာ ဖတ်ရဖူးပါတယ်။ ကိုယ့် မိခင်ဘာသာ မဟုတ်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ကိုတော့ ကိုယ့်အသိနဲ့ ကိုယ်ပဲ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။
http://winzaw-mdy.blogspot.com
ကိုဝင်းဇော်ပြောတာမှန်သဗျ။
အစ်မတော် ကျွန်တော် Myanglish မသုံးဘူးနော် ဟီး
နှစ်ဖက် စလုံးမှန်ကြပါတယ်...
စေတနာလည်း မှန်ကြပါတယ်.....
ကြိုဆိုပါတယ်..
နှစ်ဖက် စလုံးကို....
ဟုတ်တယ် အမရဲ့ တခါတခါတော့ မြန်းကလစ်နဲ့
နှုတ်ဆက်ရတာ အရသာတမျိုးပဲ
Phone ထဲမှာ How r u??
ထက် nay kaung lar??? က
ပိုအရသာရှိတယ်။
ကျနော်ကတော့ နှစ်ဖက်ကြားထဲမှာ
E ကလဲ ညံ့ မြန်းကလစ်ကလဲ မတော်
ဟီးးးး ဒီတော့ မြန်မာလိုပဲ ရိုက်ပေါ့
ကျနော့်အနေနဲ့ထင်တာကတော့ မြန်မာလို
ဖော့်ကလဲမရှိ အင်္ဂလိုကလဲ ရေးဖို့က အပြည့်
အစုံမရေးတတ်တော့ အဲဒီ ဘာဂလစ်ကြီး ဖြစ်လာတာလို့ထင်တယ်ဗျ သူများတွေနဲ့ စကား
ပြောကြည့်တော့ ပထမတော့ အင်္ဂလိပ်ရေးပြီး
ပြောရခက်တဲ့ စကားကြတော့ ဘာဂလစ်နဲ့ ရေး
တယ် ကိုယ်တိုင်လဲ ရေးဖူးတယ် အဲဒါကြောင့် ဟီး
chating is chating ,:P that all,
Post a Comment