Saturday, January 10, 2009

Carrot or Egg or Coffee ????

တညနေ အမေ့အိမ်ကို ကျွန်မ သွားလိုက်တယ်။ အမေ့ကို အလုပ်ထဲမှာ စိတ်ဖိစီးမှုတွေ တအားများကြောင်း၊ ပြသနာတစ်ခုရှင်းပြီးလို့မှ မနားရသေးဘူး၊ နောက်တစ်ခုက အဆင်သင့် စောင့်ကြိုနေကြောင်း၊ ဒါတွေကို ဆက်ရင်ဆိုင်နိုင်ပါ့မလားဆိုတာ မသေချာကြောင်း၊ အရှုံးပေးမိတော့မလို ဖြစ်နေကြောင်း ငြီးမိတယ်။

အမေ ကျွန်မကို မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ ဒယ်အိုး(၃)လုံးယူတယ်။ အိုးတစ်လုံးစီမှာ ရေအနည်းငယ်ဖြည့်ပြီး မီးဖိုပေါ် တင်လိုက်တယ်။ နောက် ပထမအိုးမှာ မုန်လာဥနီကို ထည့်လိုက်တယ်။ ဒုတိယအိုးမှာ ကြက်ဥထည့်လိုက်တယ်။ တတိယအိုးမှာ ကော်ဖီမှုန့်ကို ထည့်လိုက်တယ်။ ပြီးတော့ ဘာစကားမှမဆိုပဲ ရေနည်းနည်းဆူလာတဲ့ အချိန်ထိ စောင့်ကြည့်နေတယ်။

မိနစ်(၂၀)လောက်ကြာတော့ အဲ့ဒါတွေကို မီးဖိုပေါ်ကချပြီး ပန်းကန်တစ်ခုစီမှာ ထည့်လိုက်တယ်။ ပြီးတော့ ကျွန်မကို မုန်လာဥနီကို ကိုင်ခိုင်းပြီး ဘယ်လိုနေလဲ မေးတယ်။ ကျွန်မက အနည်းငယ် ပျော့သွားကြောင်းပြောလိုက်တယ်။ နောက် ကြက်ဥကိုပေးပြီး အခွံခွာ ခိုင်းတယ်။ အထဲမှာ ပြုတ်ပြီးသားကြက်ဥကလေးကိုရရှိကြောင်း အမေ့ကို ပြန်ဖြေလိုက်တယ်။ နောက် ကော်ဖီတစ်ငုံသောက်ခိုင်းတယ်။ ဘယ်လိုခံစားရလဲလို့ မေးတော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ကော်ဖီလေးကို သောက်လိုက်ရကြောင်း ကျွန်မပြောလိုက်တယ်။ အမေ ဘာကိုဆိုလိုချင်လဲ ကျွန်မ အခုထိ မသိသေးဘူး။

ပြီးတော့မှ အမေက ဒီအရာဝတ္ထုသုံးမျိုးစလုံးက တူညီတဲ့ အခြေအနေသုံးခုကို ဖြတ်သန်းခဲ့ရပေမဲ့ တုံ့ပြန်မှုတွေက မတူကြဘူး။ မုန်လာဥနီက မာသလိုလို၊ သန်စွမ်းသလိုလို၊ ဘယ်အရာကိုမဆိုရင်ဆိုင်ရတဲ့ ပုံစံမျိုးရှိတယ်။ ဒါပေမဲ့ ဆူနေတဲ့ရေနဲ့တွေ့လိုက်တော့ ချက်ချင်းပဲ အားနည်းပျော့ညံသွားတယ်။ ကြက်ဥကလေးက အမြဲ ကွဲအက်လွယ်လို့ သူ့ရဲ့ အခွံမာကလေးက အတွင်းက သူ့ကို ကာကွယ်ပေးထားရပေမဲ့ ရေဆူထဲမှာ ဖြတ်သန်းရတဲ့အခါ သူက ချက်ချင်းပဲမာပြီး ပုံပြောင်းသွားတယ်။ ကော်ဖီကတော့အထူးခြားဆုံးပေါ့။ သူ့ကို ရေနွေးဆူဆူထဲလဲ ထည့်လိုက်ရော ချက်ချင်းပဲ အရည်အဖြစ်ပြောင်းလဲသွားတယ်။

အမေ ကျွန်မကို ဆက်မေးတယ်။ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ကျွန်မ ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ။ မုန်လာဥနီလိုလား၊ ကြက်ဥလေးလိုလား၊ ကော်ဖီလား ဆိုတာကိုပေါ့။

ကျွန်မ ..ကိုယ့်ကိုကိုယ်မေးတယ်။ ကျွန်မက … အပြင်ပန်းမာသယောင်ယောင်ရှိပေမဲ့ အခက်အခဲတွေနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ ရတဲ့အခါ ချက်ချင်းပျော့ပျောင်းသွားတဲ့ Carrot လား ??

ဒါမှမဟုတ် လွယ်လွယ်ကူကူပုံပြောင်းလဲလွယ်တဲ့ စိတ်ဓါတ်ပိုင်ရှင်မျိုးနဲ့ ကြက်ဥကလေးလား ?? အပြင်ပုံစံက တမျိုးဖြစ်နေပေမဲ့ ကွဲကွာခြင်းတွေ၊ ဆုံးရှုံးခြင်းတွေ၊ ငွေရေးကြေးရေးအခက်အခဲတွေ နဲ့ တခြားဖြစ်တတ်တဲ့ လောကဓံတွေကြုံရတဲ့အခါ ခက်ထန်တဲ့ နှလုံးသားနဲ့ ရုတ်တရက်မာကျောတဲ့ အသွင်ပြောင်းလဲသွားတတ်သလား ??

ဒါမှမဟုတ် ရေဆူလာတာနဲ့ ချက်ချင်းပဲ မွှေးကြိုင်တဲ့အနံ့နဲ့ ထူးကဲတဲ့အရသာကို ပိုဖြစ်လာစေတဲ့ coffee လား ???

အဆိုးဆုံးအခြေအနေတွေမှာ ကျွန်မက ဘယ်လိုတုံ့ပြန်မှုပေးခဲ့သလဲ။ Carrot or Egg or Coffee??

May you have enough happiness to make you sweet, enough trials to make you strong, enough sorrow to keep you human and enough hope to make you happy.

ဘ၀မှာ ချိုမြန်မှုပေးနိုင်တဲ့ ပျော်ရွှင်မှုလေးတွေ၊ မိမိကို စိတ်ဓါတ်ပိုခိုင်မာလာစေတဲ့ အခက်အခဲလေးတွေ၊ လူတစ်ယောက်ရဲ့ဘ၀ ပီပြင်စေတဲ့ ၀မ်းနည်းကြေကွဲမှုလေးတွေနဲ့ ပျော်ရွှင်ကြည်နူးစေတဲ့ မျှော်လင့်ချက်ကလေးတွေ လိုပါတယ်။

The happiest of people don't necessarily have the best of everything; they just make the most of everything that comes along their way. The brightest future will always be based on a forgotten past; you can't go forward in life until you let go of your past failures and heartaches.

အကောင်းဆုံးဆိုတဲ့ အရာတွေ ပိုင်ဆိုင်နေရမှ အပျော်ဆုံးလူသားဖြစ်တာမဟုတ်ပါဘူး။ ဘ၀မှာ ကြုံလာရသမျှ အရာရာတိုင်းကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြေရှင်းခဲ့သူတွေကသာ ပျော်နေခဲ့တဲ့သူတွေပါ။ ကျွန်မတို့ရဲ့ အနာဂတ်က ကုန်ဆုံးသွားတဲ့ အချိန်တစ်ခုပေါ်မှာ အခြေခံထားပါတယ်။ အတိတ်က ဆုံးရှုံးမှုတွေနဲ့ နာကျင်မှုတွေအပေါ် မှီတွယ်ဆုပ်ကိုင်မထားဖို့ အရေးကြီးပါတယ်။

ကော်ဖီသိပ်ကြိုက်တဲ့ ကျွန်မရော Coffee လို တုံ့ပြန်မှုတွေရှိခဲ့သလား .. ( ကျွန်မ အဖြေရှာနေတုံးပဲ)

by ...DecemberCinderella ( Ref: 1 of the incoming FWD mails from 1 of my beloved friends)

3 comments:

Anonymous said...

အစ်မ
ဘဝမှာ ပုံသေသတ်မှတ်ချက် ဆိုတာ မရှိပါဘူး။ water follow, fish follow နေတတ်၊ ကျင့်သုံး တတ်မယ်ဆိုရင် ဘ၀မှာ ကြုံလာသမျှ အရာရာတိုင်း၊ အခက်အခဲတိုင်းကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ်လို့ ထင်မိ ပါတယ်။ အတိတ်ရဲ့ ကျရှုံးမှုတွေကို ပျော်ပျော် ကြီးမေ့ထားနိုင်မယ် ဆိုရင် အတိုင်းထက် အလွန်ပေါ့ဗျာ။ ပို့စ်ကောင်းလေး အတွက် ကျေးဇူးပါ ။။

http://winzaw-mdy.blogspot.com

Anonymous said...

အမပိုစ့်ကောင်းလေးပဲ ကျနော်လဲ
စဉ်းစားသင့်တယ် ကိုယ့်ကိုကိုယ်
နားမလည်ဆုံးပဲလေ

Anonymous said...

ဥပမာလေးတွေ ကောင်းတယ်ဗျာ မှတ်သား
သွားပါတယ်။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */