ချစ်သူ ...
ငါနဲ့ဝေးရာ .. ရေမြေခြားမှာ
အလှမ်းဝေးကွာလှချည်ရဲ့လို့
တခါမှတွေးပြီး စိတ်မချမဖြစ်ဘူး။
ချစ်သူ ...
အတူမရှိတဲ့ .. တနေရာစီမှာ
ဘယ်သူနဲ့များ ရှိနေမလဲလို့
ကြံဖန်တွေးပြီး သံသယမဖြစ်ဘူး။
ချစ်သူ ...
စစ်ကူတွေမလိုဘူး
အပိုစကားတွေ မဆိုဘူး
ကိုယ့်စိတ်ထားတွေ ပြည့်ဝနေသရွေ့
ထေ့ငေါ့ဖို့ မပြောနဲ့
မေ့လျော့ဖို့သဘောတောင် ငါမသိတော့ပါဘူး။
by ...DecemberCinderella
Monday, January 12, 2009
ကိုယ့်စိတ်နဲ့သာ ...
Subscribe to:
Post Comments (Atom)
4 comments:
ချစ်သူအပေါ်ထားရှိတဲ့
စိတ်စေတနာလေးကို
လာနာယူပါတယ်။
Http://winzaw-mdy.blogspot.com
ကောင်းလိုက်တဲ့စိတ်လေး တစ်ကယ်လားဟင်
တစ်ကယ်သံသယမရှိချစ်တတ်တာကောင်းပါတယ်
အားကျပါတယ်
တစ်သက်လုံးဆက်ချစ်သွားနိုင်ပါစေနော်
အဲလိုချစ်သူမျိုးကို ရှာနေတာဗျား
စိတ်ထားလေးကကောင်းပါ့ဗျာ...
ကဗျာလေးကလည်းကောင်းပါ့....
Post a Comment