Wednesday, January 21, 2009

To Some1 who love Another1

ကျွန်မမှာ အကျင့်ဆိုးတစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ (အသက်ရွယ်တူချင်း၊ ကံအကျိုးပေးပုံချင်း၊ အခြေအနေချင်းတူခဲ့ရင် .. ) အဲ့ဒီလူ တစ်ယောက်က ကျွန်မထက် ပိုထက်မြက်၊ ပိုတော်နေခဲ့တာမျိုး ဘယ်တော့မှအဖြစ်မခံပဲ သူနဲ့ ယှဉ်ပြိုင်တတ်ခြင်းပဲ။ သူကတော့ မသိဘူးပေါ့။ ကိုယ့်အရည်အချင်းတွေ သူနဲ့ယှဉ်နိုင်အောင် ကိုယ်ကသာ တဖက်သတ် ကြိတ်ကြိုးစားနေတတ်တာမျိုး။ အခုတော့ အဲ့ဒီအကျင့်ဆိုးက (ဟိုတလောက) online မှာ Ex.Boyfriend နဲ့ ပြန်တွေ့ပြီး စကားပြောရာကနေ ပြန်ပေါ်လာပြီထင်ပါရဲ့ ... ဖြစ်ပုံက ဒီလို ..

သူကစပြီး နှုတ်ဆက်တုံးကတော့ English လိုပဲ စပြောတာပဲ။ နောက် တစ်ကြောင်းနှစ်ကြောင်းဆက်ရိုက်တော့ Spanish တွေ ပါလာရော။ Spanish ကို သဘောကျလို့ Basic ကို ၂လလောက်လေ့လာခဲ့တဲ့ ကျွန်မ သူဘာတွေရေးနေတယ် ဆိုတာ နည်းနည်းတော့ သိပေမဲ့ ဘာလို့ Spanish ကိုသုံးနေတာလဲဆိုတာတော့ နားမလည်ဘူးဖြစ်နေတယ်။ သူက French Guide လေ။ ဘယ်ကနေ Spanish က ပါလာရတာတုံး .. အဲ့ဒါနဲ့ မနေနိုင်ပဲ 'ဟဲ့ နင်က ဘာလို့ Spanish နဲ့ ပြန်ဖြေနေရတာတုံး' လို့မေးတော့ " ဟင် .. မင်း Spanish ကို ဆက်မလုပ်ဘူးလား" တဲ့ ...

သေစမ်း .. အဲ့ဒီမှာတင် ကိုယ်က သိလိုက်ပြီ။ သူ Spanish ကို စလေ့လာနေပြီဆိုတာ။ ရန်ကုန်မှာကတည်းက ချစ်သူတွေသာဖြစ်တာ .. စိတ်ကကြိတ်ပြိုင်နေတတ်တာ။ သူ့ဘက်က ဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကပါ။ YUFL မှာ English Diploma တက်ရင်း ခင်ခဲ့တဲ့ သူနဲ့ နောက်ပိုင်းချစ်သူတွေ ဖြစ်သွားတော့ သူ့ရဲ့ French Guide ဆိုတဲ့ အနေအထားတစ်ခုကိုတော့ ကိုယ်မယှဉ်နိုင်ပေမဲ့ (First Degree က အင်္ဂလိပ်စာ အဓိက ယူခဲ့တဲ့ သူနဲ့) English မှာတော့ ယှဉ်နိုင်ခဲ့ပါတယ်။ သူမသိတာ၊ ကိုယ်မသိတာ ဖလှယ်ရင်းနဲ့ တခါတလေ နှိပ်ကွပ်လိုက်ကြ၊ တခါတလေ အချင်းချင်း ပြန်မြှောက်ကြနဲ့ ... ကျွန်မတို့ နှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက် AIIZ သိတဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးတယ်။

သူ အဲ့လိုမေးလိုက်ခါမှပဲ ကျွန်မလဲ အလင်းဝင်လာသလိုပဲ ။ အခု စင်္ကာပူကိုရောက်တာ ၁နှစ်ပြည့်တော့မယ်။ (အရင်ကဆို ကိုယ့်အတွက် အကျိုးရှိမယ်၊ လိုအပ်မယ်ထင်တဲ့ သင်တန်းမှန်သမျှကို Weekends အချိန်တွေမှာ အပြေးအလွှား တက်ရင်း မှန်ကန်စွာ အသုံးချခဲ့တာ)။ အခုကြည့်စမ်း ... ငါ ဘာတွေ တိုးတက်ခဲ့လို့လဲ ။ English မှာ Vocabs တွေ နည်းနည်းပိုသိလာတာရယ်၊ Business letter writing နည်းနည်းကောင်းလာတာရယ်ကလွဲရင် .. Singlish နဲ့ Pronunciation တွေက ဆိုးမှဆိုး .. ကိုယ့်ဘာသာတောင်ရှက်တယ်။

ကဲ .. ဘယ်လိုလုပ်မလဲ .. နောက်ငါးနှစ်နေရင် မြန်မာပြည်မယ်လို့ အမြဲရည်ရွယ်ထားတဲ့ ကျွန်မ .. ၅နှစ်ပြီးတော့ရော ..ဒီမှာ ဘာတွေ တိုးတက်မှာမို့လို့လဲ .. သူက .. ကျွန်မ ပြန်မဲ့အချိန်ဆို .. နဂိုရပြီးသား French ကိုလဲ Native တစ်ယောက်နီးပါး ပြောနိုင်လိမ့်မယ်။ ပြီးတော့ linguist သိပ်ဖြစ်တဲ့သူက အခုလုပ်နေတဲ့ Spanish ကိုလဲ အနှေးနဲ့အမြန်ဆိုသလို ပြောနိုင်တော့မှာ။

ကျွန်မအတွက် နည်းလမ်းတစ်ခုပဲရှိတော့တယ်။ Spanish ကို ပြန်လုပ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ အခုလက်ရှိကုမ္ပဏီကလဲ ဂျပန်ကုမ္ပဏီဆိုတော့ အရင် နှစ်နှစ်ခွဲလောက် အားသွန်ခွန်စိုက်လေ့လာခဲ့တဲ့ ဂျပန်စာကို Brush up ပြန်လုပ်လိုက်ရင် .... ကျွန်မအတွက် အကောင်းဆုံးပဲ။ (အလွန်အင်မတန်မှ ကံကောင်းပြီး ရုံးက ဂျပန်လေးဘာလေး လွှတ်လိုက်မယ်ဆိုရင်) အနည်းဆုံးတော့ ကျွန်မ Communication အဆင်ပြေမယ် ။ ကဲ .. တွေဝေမနေနဲ့ Cinderella .. သူက နင့်ထက်ပိုတော်သွားရအောင် သူလဲ အရာရာအဆင်သင့် ဘ၀ကနေဖြစ်သွားတာမဟုတ်ဘူး။ သူ့အရည်အချင်းကို ဓါးသွေးသလို သွေးနေရာကနေ ပိုထက်မြက်နေတာ .. Wake up ..Cinderella!

၂၄နာရီလုံး အသုံးချလို့ရနေတဲ့ Power Supply နဲ့ Internet က နင့်ကို Blog Addict တစ်ယောက်အဖြစ်ကို Promotion ပေးပေမဲ့ ဘ၀အတွက် နင့်ရဲ့ Growth ကို Measurement လုပ်တဲ့အခါမှာတော့ ဆယ်ခါပြန် Demotion ပေးလိမ့်မယ်။

Cinderella's man ရေ .. နင်ဖတ်ဖြစ်မှာမဟုတ်တဲ့ ဒီ post ကနေ .. ငါ နင့်ကို လေးလေးနက်နက်ကျေးဇူး တင်လိုက်တယ်ဟာ .. နင်မှတ်မိဦးမယ်ဆိုရင် .. တခါတုံးက စကားအမှားလေးတစ်ခုပြန်ပြောချင်တယ် ..

" ငါတို့နှစ်ယောက်အတူနေရရင် အ၀တ်လျှော်၊ ထမင်းချက်ဆိုတဲ့ အိမ်မှုကိစ္စ နင်လုပ်မှာလားဟင်" လို့ ငါကမေးတုံးက နင်က "အေး .. အဲ့ဒါတွေ ငါလုပ်မယ် .. အခု ငါရှာနေတဲ့ တစ်လ၀င်ငွေ ဒေါ်လာ ၁၅၀၀ လောက်ကို မင်းရှာနိုင်အောင်ကြိုးစား" လို့ ပြန်ပြောတဲ့အချိန်မှာ .. ငါက " ငါ တစ်လ ဒေါ်လာ ၁၅၀၀ ရှာနိုင်ရင် နင့်ကို မလိုအပ်တော့ဘူး ..သိလား" လို့ လွှတ်ခနဲ ပြောလိုက်မိတယ်။ အဲ့ဒီအချိန်မှာ ..

ဖြစ်သွားတဲ့ နင့်မျက်နှာအပြောင်းအလဲတစ်ခုကို ငါ .. ခုထိမမေ့ဘူး။ အဲ့လို စကားတွေ ခဏခဏ အလွန်အကျွံဖြစ်ပြီး မှားတတ်တဲ့ ငါလေ.. အခုထိ အမှားများစွာလုပ်ဆဲပါပဲ .. ( အခု ဒေါ်လာ ၁၅၀၀ ရှာနိုင်ပြီဖြစ်ပေမဲ့လဲ နင့်ကို ခဏခဏသတိရနေသေးတာတော့ အမှန်ပဲ)

By .. DecemberCinderella ( to someone who love another one)

3 comments:

Anonymous said...

အင်း... ဖတ်မိပါတယ်... ကောင်းသောရေးသားချက်ကလေးပါပဲ... ခံစားမိတယ်.. အခု နောက်တစ်ယောက် နဲ့ ချစ်နေချိန်မှာ အရင် တစ်ယောက်ဆိုတဲ့ လူကို ပိုချစ်တယ် ဆိုတာမျိုးကို ခံစားမိတယ်... ဘာဖြစ်လို့လဲ ဆိုတော့ ဒီအပိုဒ်လေး နဲ့တင် ခံစားမိတယ်.. *(ဖြစ်သွားတဲ့ နင့်မျက်နှာအပြောင်းအလဲတစ်ခုကို ငါ .. ခုထိမမေ့ဘူး။ အဲ့လို စကားတွေ ခဏခဏ အလွန်အကျွံဖြစ်ပြီး မှားတတ်တဲ့ ငါလေ.. အခုထိ အမှားများစွာလုပ်ဆဲပါပဲ .. ( အခု ဒေါ်လာ ၁၅၀၀ ရှာနိုင်ပြီဖြစ်ပေမဲ့လဲ နင့်ကို ခဏခဏသတိရနေသေးတာတော့ အမှန်ပဲ) )* တကယ်တော့ ဒေါသ နဲ့ ပြန်ပြောခဲ့တဲ့ စကားဟာ အခု အချိန်မှာ ပြန်သတိရနေသေးတာတွေ က သူပြောခဲ့တဲ့ စကားကို စိတ်မဆိုးပဲ အချစ် ကို အခြေခံပြီး မမုန်းနိုင် မမေ့နိုင် ဖြစ်နေတာလို့ ယူဆမိတယ်.. နောက်တစ်ချက် ကတော့ ( to someone who love another one) ဒါလေးပဲ... ဒီစာသားလေးကြတော့ တစ်ယောက် သောသူသို့တဲ့.. နဲနဲတော့ ခေါင်းရှုပ်သွားတယ်.. ??? ဘယ်လိုနားလည်ရမလဲ?..

Anonymous said...

တစ်နေ့က ex bf နဲ့ chatting လုပ်ကြရင်း ငါတို့တွေစကားပြောရအောင်ဆိုလို့ gtalk ပြောလိုက်တာ အရှက်ကိုတကယ်ကွဲတော့တာပါဘဲ.စကားစပြောပြောချင်းမှာဘဲ သူက ဟ..ဘယ်လိုဖြစ်တာလဲ မင်းရဲ့ korea အသံထွက်တွေတော်တော်ဆိုးနေပါလားတဲ့.၃နှစ်လောက်ပြောခဲ့တဲ့စကားရဲ့အသံထွက်တွေလည်း မကောင်းတော့ဘူးတဲ့.အမှန်ဘဲ တကယ်ကိုမကောင်းတော့ဘူး.ဒီကိုရောက်တာ English မှာ Vocabs တွေ နည်းနည်းပိုသိလာတာကလွဲပြီး တစ်ခြားဘာမှမတိုးတက်သေးဘူး.Singlish နဲ့ Pronunciation တွေကလည်း ဆိုးမှဆိုးဘဲ.

Anonymous said...

မိန်းမ
မာန်မာနရှိတယ်...
ပညာတတ်ရင် ပညာဂုဏ်မောက်တယ်...။
ဥစ္စာရှိရင် ဥစ္စာ မာန်တက်တယ်...။
ရှက်စဖွယ်အမှန်တွေး
တောင်ကြီးဖ၀ါးအောက် ခပ်သေးသေး......။
ယောကျာင်္း
ဥပက္ခာ ရှိတယ်...
ရှက်စဖွယ် ထိုထို အေ၇း
ခေါင်းအေးအေး ထားတတ်တယ်
ဝေးဝေးကိုဖယ်...
မင်း...နားလည်ရဲ့လားကွယ်....။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */